BBC navigation

မြန်မာ့အကြွေး ဒေါ်လာသန်း ၉၀၀ ဂျပန် စိုက်ဆပ်မယ်

နောက်ဆုံး ရေးသားချိန် 11 အောက်တိုဘာလ 2012 - 16:48 GMT

မြန်မာနိုင်ငံကတင်နေတဲ့ အကြွေး ဒေါ်လာ သန်း၉၀၀ ကို ဂျပန်စိုက်ဆပ်မယ်

  • Japan Burma Finance
    အောက်တိုဘာလ ၁၁ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂျပန်နဲ့ မြန်မာနိုင်ငံရဲ့ ကြွေးရှင် အဖွဲ့အစည်းတွေ ပေါင်းပြီး မြန်မာနိုင်ငံရဲ့ ကြွေးကျန်ကိစ္စ ဘယ်လို ဖြေရှင်းပေးနိုင်မလဲဆိုတာ ဆွေးနွေးခဲ့
  • Japan Burma Finance
    မြန်မာဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန် နဲ့ ဂျပန် ဘဏ္ဍာရေးဝန်ကြီး Koriko Jojima တို့ တက်ရောက်
  • Japan Burma Finance
    ဂျပန် ဘဏ္ဍာရေးဝန်ကြီး Koriko Jojima က မြန်မာနိုင်ငံကျန်နေတဲ့ကြွေးမြီတွေကို ၂၀၁၃ ဇန်နဝါရီလမှာ ဂျပန်နိုင်ငံကစိုက်ပြီး ဆပ်ပေးဖို့အတွက် ဆုံးဖြတ် လိုက်ပြီ လို့ပြော
  • Japan Burma Finance
    ဂျပန်နိုင်ငံရဲ့ကူညီမှုနဲ့ပတ်သက်ပြီး ကျေးဇူးတင် ကြောင်း မြန်မာဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ပြန်လည် ပြောကြားခဲ့
  • Japan Burma Finance
    ကမ္ဘာ့ဘဏ်ကို အကြွေးဒေါ်လာသန်း ၄၀၀ နဲ့ ADB အာရှဖွံ့ဖြိုးရေးဘဏ်ကို ပေးစရာရှိတဲ့ ဒေါ်လာသန်း ၅၀၀ စုစုပေါင်း ဒေါ်လာသန်း ၉၀၀ ကို ဂျပန်နိုင်ငံက စိုက်ပြီး ဆပ်ပေးမှာ ဖြစ်ပါတယ်။
  • Japan Burma Finance
    အခုနှစ်ဧပြီလတုန်းကလည်း ဂျပန်နိုင်ငံက မြန်မာအပေါ်တင်ရှိနေတဲ့ကြွေးမြီ ယန်းငွေဘီလျံ ၅၀၀၊ ဒေါ်လာနဲ့ဆိုရင် ၆.၄ ဘီလျံထဲကယန်းငွေဘီလျံ ၃၀၀ ကိုလျှော်ပေးခဲ့
  • Japan Burma Finance
    ဂျပန်နိုင်ငံဟာ ရန်ကုန်မြို့မှာ ရထားလမ်းနဲ့ ရေပေးဝေရေး စနစ်တွေ တည်ဆောက်ဖို့ အပါအဝင် မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အဦတွေ ဆောက်လုပ်တဲ့ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ လေ့လာနေ

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။