BBC navigation

အောက်တိုဘာ ၁၆ တမိနစ် သတင်း ဗီဒီယို

နောက်ဆုံး ရေးသားချိန် 16 အောက်တိုဘာလ 2012 - 16:06 GMT

မီဒီယာ ပလေးယား

အောက်တိုဘာ ၁၆ တမိနစ် သတင်း ဗီဒီယို

ကြည့်ရန်mp4

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြီးခဲ့တဲ့ လက လစ်ဗျားနိုင်ငံ၊ ဘန်ဂါဇီမြို့မှာ အမေရိကန် ကောင်စစ်ရုံး တိုက်ခိုက်ခံခဲ့ရလို့ အမေရိကန်သံအမတ်ကြီး သေဆုံးသွားတာနဲ့ပတ်သက်လို့ သူ့မှာ လုံးဝတာဝန်ရှိပါတယ်လို့ ထုတ်ဖော်ပြောလိုက်ပါတယ်။ အမေရိကန်သံတမန်တွေရဲ့ အသက်စည်းစိမ်လုံခြုံရေးမှာ အိမ်ဖြူတော်တာဝန်မဟုတ်ဘဲ သူ့တာဝန်သာ ဖြစ်ပါတယ်လို့ ထပ်လောင်း ပြောပါတယ်။

နိုင်ငံသားတွေ ပြည်ပထွက်ရင် အစိုးရဆီက တောင်းယူရတဲ့ မြန်မာပြည်မှာ ဒီ-ဖောင်လို့ လူသိကြတဲ့ ထွက်ခွာခွင့် လက်မှတ်ကို ကျူးဘာအစိုးရက လာမယ့် ဇန်နဝါရီကလစလို့ နိုင်ငံသားတွေအနေနဲ့ တောင်းယူစရာ မလိုတာ့ဘူးလို့ ပြောလိုက်ပါတယ်။ ကျူးဘားမှာ ပြည်ပထွက်ခွာလက်မှတ်ရဖို့က စျေးကလည်းကြီးသေး၊ နှေးကလည်း နှေးသေး၊ တခါတခါ အငြင်းခံရတာမျိုးလည်း ရှိတတ်ပါတယ်။

အပျော်တမ်းနက္ခတ်ဆရာနှစ်ဦးက နေလေးစင်းပါတဲ့ ဂြိုဟ်သစ်တလုံးကို ရှာဖွေတွေ့ခဲ့ကြ ပါတယ်။ ဂြိုဟ်ပေါ်မှာ နေနှစ်စင်း ထွန်းလင်းနေပြီး နောက်နေနှစ်စင်းက ဂြိုဟ်ကို လှည့်ပတ်နေတယ်လို့ ဆိုကြပါတယ်။ ကမ္ဘာထက် ခြောက်ဆကြီးတဲ့ ဒီဂြိုဟ်သစ်ဟာ ဟိုက်ဒရိုဂျင်နဲ့ ဟေလီယံဓာတ်ငွေ့တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ကမ္ဘာမြေကနေ အလင်းနှစ် ငါးထောင် အကွာမှာ ရှိနေပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။