BBC navigation

ဆုရ သဘာဝ ဓာတ်ပုံများ

နောက်ဆုံး ရေးသားချိန် 18 အောက်တိုဘာလ 2012 - 13:22 GMT

ဆုရ သဘာဝ ဓာတ်ပုံများ

  • veolia_wildlife_pictures
    အန္တာတိက ရေခဲပြင်မှာ အင်ပါယာပင်ဂွင်ကြီးတွေ အစာရှာထွက် ရာက ပြန်အလာကို စောင့်ရိုက်ထားတဲ့ ဒီဓာတ်ပုံနဲ့ Veolia Wildlife Photographer of the Year ဆု ရသွားသူကတော့ ကနေဒါနိုင်ငံသား Paul Nicklen ပါ။ သူဟာ အေးခဲနေတဲ့ ရေပြင်အောက်မှာ မလှုပ်မယှက် စောင့်ပြီး ရိုက်ကူးခဲ့ရတယ်လို့ ဆိုပါတယ်။
  • veolia_wildlife_pictures
    လူငယ်ဓာတ်ပုံသမား ဆုရသွားသူ အသက် ၁၄ နှစ်ပဲ ရှိသေးတဲ့ Owen Hearn ကတော့ အင်္ဂလန် Herdfordshire ပြည်နယ်က သူ့အဖိုးရဲ့ ယာတောနားမှာ ဒီ သိန်းစွန်ဌက် ပုံကို ရိုက်ကူးခဲ့တာပါ၊ အပျံလမ်းလို့ ဒီပုံကို အမည်တပ်ထားပါတယ်။
  • veolia_wildlife_pictures
    အမေရိကန် ဓာတ်ပုံဆရာ Steve Winter ကတော့ ဟောဒီ ရှားပါးလှတဲ့ ဆူမာတြာကျားကို သဘာဝအတိုင်း တောထဲမှာ ရိုက်ထားတဲ့ ပုံနဲ့ ဆုရခဲ့ပါတယ်။ အမဲလိုက်သမား တယောက်ရဲ့ အကြံပေးချက်နဲ့ လျှို့ဝှက် ကင်မရာ ထောင်ပြီး ရိုက်ကူးခဲ့တာလို့ သိရပါတယ်။
  • veolia_wildlife_pictures
    မက္ကဆီကို ယူကပ်တန် ပင်လယ်ကွေ့ ကမ်းခြေမှာ နှစ်စဉ် လာနားတတ်တဲ့ ပန်းရောင် ကြိုးကြာဌက်ကြီးတွေကို လေယာဉ် တံခါးဝကနေ ကင်မရာ အငြိမ်နဲ့ Ria Celestun ရိုက်ယူထားတဲ့ ပုံပါ။
  • veolia_wildlife_pictures
    ဘရာဇီးညွန်အိုင်တခုထဲက မိချောင်းတကောင် အစာစောင့်နေတဲ့ ပုံကလည်း တိရိစ္ဆာန်တို့ရဲ့ အမူအကျင့် ကဏ္ဍမှာ ဆုရသွားတဲ့ ဓာတ်ပုံပါ၊ ရိုက်ကူးသူကတော့ Luciano Candisani ပါ။
  • veolia_wildlife_pictures
    ပြင်သစ် ဓာတ်ပုံဆရာ Gregoire Buguerue ကတော့ တိရိစ္ဆာန်တို့ရဲ့ အမူအကျင့်ဆိုတဲ့ ကဏ္ဍမှာ ဆုရခဲ့ပါတယ်။ ချီးတား ကျားသစ်ပေါက်ကလေးတွေက သူတို့အမေဖမ်းထားတဲ့ သမင်ပေါက်လေး ထ အပြေးမှာ ဝိုင်းလိုက်နေကြတဲ့ ပုံပါ။
  • veolia_wildlife_pictures
    မျိုးတုန်းမယ့်ဘေး ရင်ဆိုင်နေရတဲ့ တိရိစ္ဆာန်များကဏ္ဍမှာတော့ တောင်အာဖရိက က Kim Wolhuter က ဆုရသွားပါတယ်။ သူရိုက်ကူးခဲ့တဲ့ ဓာတ်ပုံကတော့ ဇင်ဘာဘွေ တောထဲက ရေခြောက်လို့ ပတ်ကြားအက်နေတဲ့ ကွင်းထဲက တောခွေးတကောင်ရဲ့ ပုံပါ။
  • veolia_wildlife_pictures
    လန်ဒန် Canary Wharf နားက ပန်းခြံထဲက စင်ရော်တကောင်၊ သဘာဝကျကျ အကွက်ဖော်ထားသလို ဖြစ်နေတဲ့ အရေးအကြောင်းတွေက ပန်းခြံဘေးက အထပ်မြင့် တိုက်ကြီးတွေ ရေပြင်မှာ လာထင်ဟပ်နေကြပုံတွေပါ၊ ရိုက်ကူးသူကတော့ ဗြိတိန်က Eve Tucker ပါ။
  • veolia_wildlife_pictures
    ကျိုးပဲ့ ပြီးမျောပါနေတဲ့ ရေခဲတုန်းပြင်တွေ အပေါ်မှာ လမ်းလျှောက်သွားနေတဲ့ ပိုလာဝက်ဝံတကောင်ကို လှေပေါ်က လှမ်းရိုက်ယူထားတဲ့ ပုံနဲ့ ဆုရသွား သူကတော့ ဗြိတိသျှ ဓာတ်ပုံဆရာမ Anna Henly ပါ။
  • veolia_wildlife_pictures
    ကနေဒါက ဘတဖ်ပန်းခြံထဲက နှင်းခဲပျော်ချိန်အလှကို ရိုက်ကူးထားတဲ့ သဘာဝပန်းချီကား ဓာတ်ပုံကလည်း ဆုရတဲ့ ဓာတ်ပုံတပုံပါပဲ၊ ရိုက်ကူးသူက ရုရှားက Valdimir Medvedev ပါ။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။