BBC navigation

တိုင်းရင်းသား ဘာသာစကား ဖွံ့ဖြိုးရေး

နောက်ဆုံး ရေးသားချိန် 20 ဖေဖေါ်ဝါရီလ 2013 - 15:14 GMT

မီဒီယာ ပလေးယား

တိုင်းရင်းသား ဘာသာစကား ဖွံ့ဖြိုးရေး

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

တိုင်းရင်းသားတွေရဲ့ ဘာသာစကား ဖွံ့ဖြိုးရေး ဘယ်လို အကောင်းဆုံး လုပ်နိုင်ကြမလဲ။

မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအဖြစ် မွန်ဘာသာနဲ့ ရေးထားတဲ့ သတင်းတွေ ပါတဲ့ သံလွင် တိုင်းမ်ဂျာနယ်ကို တွေ့လာရပါတယ်။ အဲဒီနောက်တော့ ရှမ်းဘာသာနဲ့ သတင်းတွေပါတဲ့ ယူနတီ ဂျာနယ်လည်း တွေ့ရပြန်ပါတယ်။

ဒီလိုတိုင်းရင်းသားဘာသာနဲ့ စာစောင်တွေ ထုတ်ဝေနိုင်ဖို့ဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုဝေးနေထိုင်ကြတဲ့ မြန်မာပြည်အတွက် ဘယ်လောက် အရေးကြီးပါသလဲ။

တခါ ဒီလို ထုတ်ဝေနိုင်အောင် တိုင်းရင်းသား ဘာသာစကားနဲ့ စာပေ ဖွံဖြိုးလာအောင် ဘာတွေ လုပ်ကြရမလဲ။

နောက်တခုက လာမယ့် ဧပြီ ၁ ဆို ပုဂ္ဂလိက သတင်းစာတွေကလည်း ထွက်ဖို့ တာစူနေကြပြီဆိုတော့ တိုင်းရင်းသား ဘာသာစကားနဲ့ တစောင်လုံး ရေးထားတဲ့ သတင်းစာတွေ ထွက်လာဖို့ကရော ဘာတွေ ပြင်ဆင်ဖို့ လိုမလဲ။ ဒီအကြောင်းတွေကို တိုင်းရင်းသားဘာသာစကားကို စာသင်ကျောင်းတွေကစပြီး သေချာသင်ကြားပေးဖို့ကို တစိုက်မတ်မတ် ပြောဆိုဆွေးနွေးနေခဲ့တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရဲ့ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ ဗညားအောင်မိုးက ပင်တိုင် ဆွေးနွေးသူအဖြစ်နဲ့ ဘီဘီစီ သောတရှင်တွေနဲ့ တိုင်းရင်းသားတွေက ပါဝင် ဆွေးနွေးထားကြပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။