BBC navigation

လက်ပံတောင်း အစီရင်ခံစာ ရှင်းလင်းပွဲ

နောက်ဆုံး ရေးသားချိန် 15 မတ်လ 2013 - 18:50 GMT

လက်ပံတောင်း အစီရင်ခံစာ ရှင်းလင်းချက်

  • လက်ပံတောင် ကြေးနီ စီမံကိန်း စုံးစမ်း စစ်ဆေး ရေး ကော်မရှင် ရဲ့ အစီရင်ခံစာ ထွက်ရှိပြီးနောက် ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံ ပြည်သူ တွေဆီ သွားရောက်ပြီး အစီရင်ခံစာ နဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ပါတယ်။
  • ဆည်တည်းရွာဘက်ကို သွားရောက် ရှင်းလင်းပြောကြား ရာမှာတော့ ဒေသခံ ပြည်သူတွေက ပြင်းပြင်း ထန်ထန် တုံ့ပြန်ခဲ့ကြ ပါတယ်။
  • ဆည်တည်းကျေးရွာ ဒေသခံပြည်သူတွေဟာ စီမံကိန်း ဆက်လုပ်မှာ ကို အလို မရှိကြပါ။
  • လယ်ယာမြေ ဆုံးရှုံး သူတွေ အတွက် ထိုက်သင့်တဲ့ လျော်ကြေးပေးမယ်၊ စီမံကိန်း စာချုပ်ကိုလည်း ပြန်ပြင် ချုပ်ဆိုမယ် ဆိုတာ ကိုလည်း ဒေသခံတွေက အလို မရှိကြပါ။
  • ကြွေးကြော်သံတွေ ဟစ်ကြွေး ခဲ့ကြပြီး စုံစမ်းရေး ကော်မရှင်ကို အလို မရှိကြောင်း ကန့်ကွက်ခဲ့ကြ ပါတယ်။
  • နစ်နာမှုတွေ အတွက် ခံပြင်းနေကြတဲ့ ဒေသခံ တွေဟာ စိတ်ခံစား ချက်တွေ အထွဋ် အထိတ် ကို ရောက်ခဲ့ကြတယ်လို့ ယူဆ ရပါတယ်။
  • မုံရွာ မြို့ခံတွေ ကတော့ ဒေါ်အောင်ဆန်းစုကြည် ကို အရင်လိုပဲ နွေးထွေးစွာ ကြိုဆိုခဲ့ကြသလို...
  • ဝမ်ပေါင် ကုမ္ပဏီ တာဝန်ရှိသူတွေ ကလည်း နွေးထွေး ပျူငှာစွာ ကြိုဆိုခဲ့ပါတယ်။
  • စီမံကိန်းတွေ ကတော့ ဆက်လက် ဆောင်ရွက် နေဆဲ ဖြစ်ပြီး....
  • ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေတဲ့ အချိန်မှာ ပဲ ဖေါက်ခွဲမှုတွေ ပြုလုပ် နေတာကို တွေ့ရပါ တယ်။
  • လယ်ယာ မြေ ပြောင်းလဲမှုတွေ ကတော့ အကြီး အကျယ် စတင်နေပါပြီ။
  • နောင်တချိန်မှာ ပျောက်ကွယ်သွား တော့မယ့် တောင် တန်းတွေ အတွက်....
  • ဒေါ်အောင်ဆန်းစုကြည်ကတော့ တောင်တွေဟာ လူတွေ အကျိုး အတွက် ဖြစ်သင့်တယ်လို့ ဒေသခံတွေကို စည်းရုံး ပြောကြားခဲ့ပါတယ်။
  • လယ်တီ ဆရာတော် ဘုရားကြီး သီတင်းသုံး ခဲ့တဲ့ သာသနာ့ အမွေ နေရာကို ပြောင်းရွှေ့ မရွှေ့ ဆိုတာကလည်း မရေရာ မသေချာပါ။
  • နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကတော့ အခု အချိန်မှာ နယူးဇီလန်မှာ ရောက်ရှိ နေပြီး နှစ်နိုင်ငံ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။