သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဧပြီ ၁၁ ရက် တမိနစ် ဗီဒီယို သတင်းတို

လန်ဒန်မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့စက်မှုအင်အားကြီး G-8 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြောက်ကိုးရီးယားအရေး အဓိက ဆွေးနွေးကြဖွယ်ရှိ။

ဂျပန်ထုတ် ကားကုမ္ပဏီတွေဖြစ်တဲ့ တိုယိုတာ၊ ဟွန်ဒါ၊ မာဇဒါနဲ့ နီဆန်းတို့ရဲ့ ကားတွေမှာ လေအိတ် ချို့ယွင်းမှု ရှိတဲ့အတွက် ကုမ္ပဏီတွေက ကမ္ဘာတဝန်းရှိ သူတို့ရဲ့ ကား သုံးသန်းနီးပါးကို ပြန်အပ်ဖို့ ကြေငြာ။

ဥရုဂွေးမှာ လိင်တူချင်း လပ်ထပ်မှုကို လွှတ်တော်က မဲအများစုနဲ့ အတည်ပြုလိုက်ပါတယ်။ ဥရုဂွေးဟာ လက်တင် အမေရိကမှာ လိင်တူချင်း လက်ထွက်ခွင့် ပေးလာတဲ့ နေရာမှာ အာဂျင်တီးနားပြီးရင် ဒုတိယမြောက် နိုင်ငံ ဖြစ်ပါတယ်။