သာမန်အငြင်းပွားမှုကနေ ဘာသာရေး ပဋိပက္ခ အထိ ဘာကြောင့် ဖြစ်ရတာလဲ

ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့ မှာ အခုလောလောဆယ် ဥက္ကံမြို့မှာ သာမန် အငြင်းပွားမှုတွေကနေ လူအသက်တွေ ဆုံးရှုံးရတဲ့အထိ ဘာသာရေး အဓိကရုန်းတွေ ဖြစ်ပွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီလို အငြင်းပွားတွေကနေ ဘာသာရေးပဋိပက္ခတွေ အထိ ပြန့်ပွားသွားရတာ ဘာကြောင့်လို့ သောတရှင်တွေ ယူဆပါသလဲ

ဒီပြသနာကို ဘယ်လို အဖြေရှာနိုင်မယ်လို့ ထင်ပါသလဲ

လာမယ့် မေလ ၄ ရက် စနေည လွတ် လပ်အတွေး ဆွေးနွေး ဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြပါလို့ သောတရှင်တွေကို ဖိတ်ခေါ်ပါတယ်။

ဘီဘီစီ ကို အီမေးနဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

အီမေးနဲ့ ဆက်သွယ်ရင် burmese@bbc.co.uk ဆိုတဲ့ အီးမေး ကိုဆက်သွယ်နိုင်သလို ၊ တယ်လီဖုန်းနဲ့ ဆိုရင် 004420361 44064 ဆိုတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ် နိုင်ပါတယ်။

သောတရှင်တို့ ပြောလိုတာ တွေကို အသံသွင်း ထားခဲ့ပြီး ပြန်လည် ခေါ်ယူနိုင်မယ့် ဖုန်းနံပတ် ပေးထားခဲ့ရင် ဘီဘီစီက ပြန်ပြီး ဆက်သွယ်ပါမယ်။