လူထုလိုချင်တဲ့ သတင်းတွေကို ပုဂ္ဂလိကနေ့စဉ် သတင်းစာတွေဆီက ရနိုင်ပြီလား

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ စပြီး ထုတ်ဝေခဲ့တာ အခုဆိုရင် တလကျော်လာပါပြီ။

လူထုလိုချင်တဲ့ သတင်းအချက်အလက်တွေကို ဒီပုဂ္ဂလိကနေ့စဉ်သတင်းစာတွေက ရနိုင်ပြီလား။

သောတရှင်တွေ ဘယ်လိုယူဆကြပါသလဲ ။

သောတရှင်တွေရဲ့ အမြင်တွေကို လာမယ့် မေလ ၁၁ ရက် စနေနေ့ည လွတ်လပ်အတွေးဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ပါဝင်ဆွေးနွေးလိုသူတွေ ဘီဘီစီ ကို အီမေးနဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

အီမေးနဲ့ ဆက်သွယ်ရင် burmese@bbc.co.uk ဆိုတဲ့ အီးမေး ကိုဆက်သွယ်နိုင်သလို ၊ တယ်လီဖုန်းနဲ့ ဆိုရင် 004420361 44064 ဆိုတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ် နိုင်ပါတယ်။

သောတရှင်တို့ ပြောလိုတာ တွေကို အသံသွင်း ထားခဲ့ပြီး ပြန်လည် ခေါ်ယူနိုင်မယ့် ဖုန်းနံပတ် ပေးထားခဲ့ရင် ဘီဘီစီက ပြန်ပြီး ဆက်သွယ်ပါမယ်။