သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မဟာစင် မုန်တိုင်း ကုန်းပိုင်းကို ဝင်ရောက်

ဘင်္ဂလား ပင်လယ်အော် အရှေ့တောင် ပိုင်းမှာ ဖြစ်တည် ခဲ့တဲ့ မဟာစင် ဆိုင်ကလုန်း မုန်တိုင်းဟာ ကြာသပတေးနေ့ ညနေပိုင်း မှာတော့ အရှေ့မြောက် ဘက်ကို ဦးတည်ကာ ဘင်္ဂလား ဒေ့ရှ် နိုင်ငံ စစ်တကောင်းမြို့ အနီး ကမ်းခြေကို စတင် ဝင်ရောက်ခဲ့ ပါတယ်။ လေတိုက်နှုန်း တနာရီ မိုင် ၆၀ ကျော် လောက် အထိ တိုက်ခတ် ဝင်ရောက် ခဲ့တာ ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်မှာ သေဆုံးသူ ၁၂ ဦး အထိ ရှိခဲ့ ပါတယ်။ ဒါပေမယ့်လည်း ကုန်းတွင်းပိုင်း ဝင်ရောက်တဲ့ အခါ အားပျော့ ပျက်ပြယ် သွားမယ်လို့ ခန့်မှန်းထား ပါတယ်။