ကိုရီးယားစစ်ပွဲ ပုံရိပ်များ

ကိုရီးယားစစ်ပွဲ ပုံရိပ်များ

ဒုတိယ ကမ္ဘာစစ် အပြီး စစ်အေးခေတ် ထဲ ရောက်ရှိလာပြီးနောက်၊ ၁၉၅၀ ခုနှစ် ကိုရီးယား စစ်ပွဲ ဖြစ်တဲ့အချိန်မှာတော့ နိုင်ငံတကာ အုပ်စု တွေဟာ စစ်အေးကို စစ်ပူ အဖြစ် ပထမဆုံး အကြိမ် အသက်သွင်း ခဲ့ပါတော့။
ဓာတ်ပုံ ပုံစာ,

ဒုတိယ ကမ္ဘာစစ် အပြီး စစ်အေးခေတ် ထဲ ရောက်ရှိလာပြီးနောက်၊ ၁၉၅၀ ခုနှစ် ကိုရီးယား စစ်ပွဲ ဖြစ်တဲ့အချိန်မှာတော့ နိုင်ငံတကာ အုပ်စု တွေဟာ စစ်အေးကို စစ်ပူ အဖြစ် ပထမဆုံး အကြိမ် အသက်သွင်း ခဲ့ပါတော့။

ဓာတ်ပုံ ပုံစာ,

မြောက်ကိုရီးယား ကွန်မြူနစ် တပ်ဖွဲ့တွေ ဟာ ၁၉၄၅ ခုနှစ်က သဘောတူထားတဲ့ နှစ်နိုင်ငံ ခွဲထားတဲ့ စစ်မဲ့ဇုန် လိုင်းကို ဖြတ်ကျော်ပြီး တောင်ကိုရီးယား ဘက်ကို ရွှေ့ဝင် လာကြပါတယ်။ အဲဒီမှာ တောင်ကိုရီးယား ဘက်ကနေ အမေရိကန်၊ ဗြိတိန်နဲ့ သူတို့ မဟာမိတ်တွေကနေ ပြန် တိုက်ထုတ်ခဲ့ကြပါတယ်။

ဓာတ်ပုံ ပုံစာ,

ကိုရီးယား စစ်ပွဲအတွင်း အရပ်သား ၂ သန်းနီးပါး၊ ကွန်မြူနစ် တပ်ဖွဲ့ဝင် ၁ သန်း ခွဲ လောက်အထိ၊ အမေရိကန် တပ်ဖွဲ့ဝင် ၃ သိန်း၊ တောင် ကိုရီးယား တပ်ဖွဲ့ဝင် ၄ သိန်း နဲ့ ဗြိတိသျှ စစ်သား ၁၀၀၀ လောက် သေဆုံးခဲ့တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဓာတ်ပုံ ပုံစာ,

တရုတ် ဂျပန် နဲ့ အဲဒီအချိန်က ရှိခဲ့တဲ့ ဆိုဗီယက် ပြည်ထောင်စု တို့ ကလည်း ကိုရီးယား ကျွန်းဆွယ်ကို လွှမ်းမိုးနိုင်ဖို့ အလုအယက် ကြိုးပမ်းခဲ့ကြပါတယ်။ ဂျပန်ဟာ ဆိုရင် ကိုရီးယားကို ၁၉၁၉ ခုနှစ်က ကိုလိုနီ ကျွန်ပြုခဲ့ပြီး၊ ဒုတိယ ကမ္ဘာစစ်ကြီး မပြီးဆုံးခင် အချိန်အထိ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

ဒုတိယကမ္ဘာ့စစ်မှာ ဂျပန်တို့ လက်နက် မချခင် တပတ် အလိုမှာပဲ၊ ဆိုဗီယက်ယူနီယံဟာ ကံကြမ္မာ အလှည့် အပြောင်းကို အခွင့်ကောင်း ယူပြီး၊ ကိုရီးယားနယ်မြေထဲကို ဝင်ရောက်ခဲ့ပါတယ်။ အဲဒီမှာတင် အမေရိကန်နဲ့ ဆိုဗီယက်တို့ဟာ ကိုရီးယားကို နှစ်ခြမ်းခွဲဖို့ သေဘာတူခဲ့ကြတာ ဖြစ်ပါတယ်။ ၃၈ မျဉ်းပြိုင် လတ္တီကျူ့မျဉ်း နေရာ ကနေ ခွဲခြားခဲ့ပြီး မြောက်ဘက်ကိုတော့ ဆိုဗီယက်တို့ယူပြီး၊ တောင်ဘက်ပိုင်းကိုတော့ အမေရိကန်က အပိုင်စား ယူခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

ဆိုဗီယက်တို့ဟာ ကိုရီးယား မြောက်ပိုင်း ကို ခေါင်းဆောင် ကင်အီဆွန်း လက်အောက်မှာ ကွန်မြူနစ် အာဏာရှင် နိုင်ငံ အဖြစ် တည်ထောင်လိုက်ပါတယ်။

ဓာတ်ပုံ ပုံစာ,

၁၉၅၀ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်း မှာတော့ မြောက်ကိုရီးယား တို့ဟာ မျဉ်းပြိုင် ၃၈ စည်းလိုင်းကို ဖြတ်ကျော်ပြီး တောင်ကိုရီးယားကို ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်ကလည်း ဂျပန်အခြေစိုက် စခန်းတွေကနေ တပ်ဖွဲ့တွေကို တောင်ကိုရီးယားဘက် စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်နဲ့ တောင်ကိုရီးယား မဟာမိတ်တွေဟာ အစပိုင်းမှာ အထိနာခဲ့ကြပါတယ်။

ဓာတ်ပုံ ပုံစာ,

အဲဒီမှာတင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ ဆုံးဖြတ်ချက်တခု ချမှတ်ပြီး၊ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ အခုလို မြောက်ကိုရီးယားရဲ့ ဝင်ရောက် ကျူးကျော်မှုကို ပြန်ကူ တိုက်ထုတ် ပေးဖို့ ပန်ကြားလိုက်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတချို့ကနေ တပ်ဖွဲ့အင်အား ၃ သိန်း ပို့ပေးဖို့ သဘောတူခဲ့။

ဓာတ်ပုံ ပုံစာ,

မြောက်ကိုရီးယားဘက်ကနေ ဘူဆန် ဘက်ကို ရန်ရှာချိန်မှာတော့၊ ကုလသမဂ္ဂ တပ်ဖွဲ့ ခေါင်းဆောင် အမေရိကန်က ဗိုလ်ချုပ်ကြီး Douglas Mac Arthur ဟာ ပြန်တိုက်ထုတ်ဖို့ ပြင်ဆင်ခဲ့ပါတော့မယ်။ ၁၉၅၀ စက်တင်ဘာ ၁၅ ရက်နေ့မှာတော့ ဗိုလ်ချုပ်ကြီး Arthur ဟာ အနောက်ဘက် အင်ချန်း ဆိပ်ကမ်း မြို့ကို ရေကြောင်း ကနေ စတင် တိုက်ခိုက် ပါတော့တယ်။

ဓာတ်ပုံ ပုံစာ,

အင်ချန်းကို တိုက်ခိုက်ရခြင်း ရည်ရွယ်ချက် ကတော့ မြောက်ကိုရီးယား ရဲ့ ထောက်ပံ့ရေး လမ်းကို ဖြတ်တောက်ဖို့ အတွက် ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

အောက်တိုဘာ ၁၅ ရက်နေ့မှာတော့ မဟာမိတ်တွေ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၀ ရက်အကြာမှာတော့ နယ်ခြားကို တိတ်တဆိတ်ဝင်ရောက်လာခဲ့တဲ့ တရုတ် တပ်ဖွဲ့တွေနဲ့ ရင်ဆိုင်ရခဲ့ပြန်ပါတယ်။

ဓာတ်ပုံ ပုံစာ,

လပေါင်းအနည်းငယ် ကြာ တိုက်ခိုက်မှုတွေ အပြီးမှာတော့၊ ၃၈ မျဉ်းပြိုင် ဒေသကို ပြန်ပြီး တည်ငြိမ်အောင် လုပ်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

၁၉၅၁ ခုနှစ်မှာတော့ အပစ်အခတ် ရပ်စဲရေး စတင် ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တိုက်ခိုက်မှုတွေကတော့ ဆက်လက်ဖြစ်ပွားခဲ့ပြီး၊ စစ်ရပ်ဆိုင်းဖို့အတွက် ၂ နှစ် အချိန်ကြာခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

၁၉၅၃ ခုနှစ် ဇန်နဝါရီလ မှာတော့ အသစ်တက်လာတဲ့ အမေရိကန် သမ္မတ Dwight Eisenhower က ဒီစစ်ပွဲကို အဆုံးသတ်ဖို့ အဏုမြူဗုံး သုံးမယ်ဆိုပြီး ကွန်မြူနစ် တပ်ဖွဲ့တွေကို အကြောင်းကြားလိုက်ပါတယ်။

ဓာတ်ပုံ ပုံစာ,

၁၉၅၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ မှာတော့ ကိုရီးယား နှစ်နိုင်ငံ နယ်ခြားမျဉ်းသစ် သတ်မှတ် ပြီး၊ စစ်ရပ်ဆိုင်းရေး စာချုပ်ကို ချုပ်ဆိုခဲ့ပါတော့တယ်။

ဓာတ်ပုံ ပုံစာ,

အဲဒီနောက်မှာတော့ ထောင်နဲ့ချီတဲ့ နှစ်ဖက် အကျဉ်းသား လဲလှယ်မှုတွေ စတင်ပါတော့တယ်။ ဒီစစ်ရပ်ဆိုင်းရေး စာချုပ်ဆိုတာကလည်း ယာယီသဘောမျှသာ ဖြစ်ပါတယ်။ နောက်ဆုံးပိတ် စစ်ပြေငြိမ်းရေး သဘော တူညီမှု မရခင် အချိန် အထိ အပစ်အခတ် ရပ်စဲထားဖို့ သဘော တူတာပါ ဆိုပြီး စာချုပ်မှာ ရေးသားထားပါတယ်။

ဓာတ်ပုံ ပုံစာ,

ဒါပေမယ့်လို့ ဒီလို နောက်ဆုံးပိတ် ငြိမ်းချမ်းရေး ဟာ ဘယ်သောအခါမှ ဖြစ်မလာသေးပါဘူး။