မြဝတီမှာ နှစ် ၅၀ အတွင်း အဆိုးဆုံးရေကြီး
မြဝတီမှာ နှစ် ၅၀ အတွင်း အဆိုးဆုံးရေကြီး

မြန်မာ နိုင်ငံ တဝန်း မိုးဆက်တိုက် ရွာနေတဲ့ အတွက် နေရာ အနှံ့ ရေကြီး ရေလျှံမှုတွေ ဖြစ်နေရာ...
မြဝတီမြို့ မှာတော့ နှစ် ၅၀ အတွင်း အဆိုးဝါး ရေကြီးမှုနဲ့ ရင်ဆိုင်နေရ ပါတယ်။
ကရင်ပြည်နယ် အတွင်း မြဝတီ၊ ကော့ကရိတ်၊ ဘားအံ၊ လှိုင်းဘွဲနဲ့ ကြားအင်း ဆိပ်ကြီး စတဲ့ မြို့ ၅ မြို့ မှာ ရေကြီး နေပြီး မြဝတီ ကတော့ အဆိုးဆုံး ဖြစ်ပါတယ်။
မိုး အဆက် မပြတ် ရွာသွန်းတဲ့ အတွက် သောင်ရင်း မြစ်ရေဟာ စိုးရိမ် ရေမှတ် ကျော်ပြီး နှစ်ပေါင်း ၅၀ အတွင်း အမြင့်ဆုံး တက်သွားခဲ့။
အထပ်မြင့်တိုက်တွေပေါ်လည်း လူတွေ ပြည့်နှက်နေပါတယ်။
မြဝတီ မြို့မှာ လူနေအိမ် တချို့ ရေမြုပ်နေတဲ့ အတွက် ရေဘေးသင့် အန္တရာယ် ရှိသူတွေကို...
ကယ်ဆယ်ရေး စခန်း ၂၄ ခုမှာ စောင့်ရှောက် ပေးထားပါတယ်။
မိုးရေနဲ့ တောင်ကျ ရေတွေ ကျလာတဲ့ အတွက် လမ်းပန်း အဆက် အသွယ်တွေ လည်း ပြတ်တောက် ကုန်ပါတယ်။
မြို့ထဲ သွားလာရေး အတွက် ယာဉ်တွေ သွားလာဖို့ အခက် အခဲ ရှိခဲ့တာ ကြောင့်...
လှေတွေကို အားကိုးနေရပါတယ်။