ကမ္ဘာတစ်လွှားက အိဒ်ပွဲတော်

မွတ်ဆလင် ဘာသာဝင်တို့ရဲ့ ရာမဒန် ဥပုသ်လ ကုန်ဆုံးချိန်မှာ ဆင်နွှဲတဲ့ ကမ္ဘာတစ်လွှားက အိဒ်ပွဲတော် ပုံရိပ်များ

eid, ramadan at worldwide
ဓာတ်ပုံ ပုံစာ,

သန်းပေါင်း ၁၆၀၀ ရှိတဲ့ ကမ္ဘာတစ်လွှားက အစ္စလာမ် ဘာသာဝင်တွေဟာ ရာမဒန်ဥပုသ်လ ကုန်ဆုံးရက်မှာ အိဒ်ပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။

ဓာတ်ပုံ ပုံစာ,

အိဒ်ပွဲတော်ရက် မနက်ပိုင်းက ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ် ရင်ပြင်မှာ စုရုံး ဝတ်ပြုကြသည့် မွတ်ဆလင် များ။

ဓာတ်ပုံ ပုံစာ,

ဂါဇာကမ်းမြောင်ဒေသက အိဒ်ပွဲတော် ဆင်နွှဲသူ အစ္စလာမ် ဘာသာဝင် အမျိုးသမီးငယ်များ။

ဓာတ်ပုံ ပုံစာ,

ကာဂျစ်စတန်နိုင်ငံ မြို့တော် ဘစ်ရှ်ခက်မြို့က အိဒ်ပွဲတော်ကာလ ဆုတောင်းသူများ။

ဓာတ်ပုံ ပုံစာ,

အိဒ်ပွဲတော်ချိန်မှာ အချိုမုန့်များ ကျွေးလေ့ရှိသည့် ထုံးစံအတိုင်း ရေခဲမုန့်စားနေသည့် ဆုတောင်းသူများအလယ်မှ အင်ဒိုနီးရှား မိန်းကလေးငယ်။

ဓာတ်ပုံ ပုံစာ,

အာဖဂန်နစ္စတန်၊ ကဘူးမြို့တော်က အိဒ်ပွဲတော်ချိန် ဝတ်ပြုသူတစ်ဦး။ အာဖဂန်ရဲ့ အခြားတစ်နေရာမှာတော့ အိဒ်ပွဲတော်ချိန် ဗုံးပေါက်ကွဲမှုကြောင့် ပွဲတော်လာ အစ္စလာမ် ဘာသာဝင်အချို့ သေဆုံးကြောင်း သိရပါတယ်။

ဓာတ်ပုံ ပုံစာ,

အိဒ်ပွဲတော်ချိန် မိမိရပ်ရွာသို့ ပြန်လည်ဆင်နွှဲရန် ရထားစောင့်နေကြသည့် ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင်များ။ ခရီးသည်နှင့် ပို့ဆောင်ရေးယာဉ် မမျှတမှုကြောင့် ခရီးသွားလာစဉ် သေဆုံးသူများ ရှိခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

ဆော်ဒီနိုင်ငံ၊ ရီယတ်မြို့က အိဒ်ပွဲတော်ချိန် ဝတ်ပြုသူများကြားမှ ဆော်ဒီကလေးငယ်။

ဓာတ်ပုံ ပုံစာ,

တရုတ်နိုင်ငံရဲ့ လူနည်းစုဖြစ်တဲ့ အစ္စလာမ် ဘာသာဝင် တရုတ် အမျိုးသမီးငယ် တစ်ဦး ဘေဂျင်းမြို့က အိဒ်ပွဲတော်ချိန်မှာ အချိုမုန့်စားနေစဉ်။

ဓာတ်ပုံ ပုံစာ,

အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့ စာသင်ကျောင်း တစ်ကျောင်းအတွင်း အိဒ်ကာလ ဆုတောင်းကြသူ မွတ်ဆလင် အမျိုးသမီးများ။

ဓာတ်ပုံ ပုံစာ,

အိဒ်ပွဲတော်ကာလ အပြန်အလှန် နှုတ်ဆက်ဆုတောင်းကြသည့် ဘော့စနီးယန်း မွတ်ဆလင်များ။