အိန္ဒိယရဲ့ ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော မိတ်ဆက်

အိန္ဒိယနိုင်ငံရဲ့ နည်းပညာသမိုင်းမှာ မှတ်တိုင်တစ်ခုအဖြစ် သူ့ရဲ့ ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘောကို မိတ်ဆက်လိုက်ပါပြီ။

india's aircraft career
ဓာတ်ပုံ ပုံစာ,

အိန္ဒိယနိုင်ငံရဲ့ နည်းပညာသမိုင်းမှာ မှတ်တိုင်တစ်ခုအဖြစ် သူ့ရဲ့ ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘော INS Vikrant ကို မိတ်ဆက်လိုက်ပါပြီ။

ဓာတ်ပုံ ပုံစာ,

ဟိန္ဒူရိုးရာ အစီအမံတွေနဲ့ ရေချခဲ့တဲ့ အိန္ဒိယရဲ့ ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘောဟာ သူတို့ရဲ့ နည်းပညာသမိုင်းမှာ ကြီးမားတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

ဒီလို လေယာဉ်တင်သင်္ဘောမျိုး တည်ဆောက်နိုင်စွမ်းရှိတဲ့ နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ယူကေ၊ ရုရှား၊ ပြင်သစ် တို့နဲ့အတူ အခုဆို အိန္ဒိယလည်း ငါးနိုင်ငံမြောက် စာရင်းဝင်သွားပါပြီ။

ဓာတ်ပုံ ပုံစာ,

INS Vikrant သင်္ဘောကြီးကို ခပ်လှမ်းလှမ်းမှ မြင်ရစဉ်။

ဓာတ်ပုံ ပုံစာ,

INS Vikrant ဟာ အလျား ၂၆၀ မီတာနဲ့ အနံ ၆၀မီတာ ရှိပါတယ်။

ဓာတ်ပုံ ပုံစာ,

အလေးချိန်အားဖြင့် တန်ချိန် ၃၇၅၀၀ ရှိပါတယ်။

ဓာတ်ပုံ ပုံစာ,

၂၀၁၆ ခုနှစ် အထိ ကာလရှည် စမ်းသပ်ခုတ်မောင်းမှာ ဖြစ်ပြီး ၂၀၁၈ အရောက်မှာ အိန္ဒိယ ရေတပ်မှာ အသုံးပြုမှာ ဖြစ်ပါတယ်။