လန်ဒန်မြို့ အနောက်ပိုင်းက ကာနီဗယ်ပွဲတော်

နှစ်စဉ် သြဂုတ်လ ရုံးပိတ်ရက်မှာ ကျင်းပတဲ့ လန်ဒန်မြို့ အနောက်ပိုင်းက ကာနီဗယ်ပွဲတော်

notting hill carnival
ဓာတ်ပုံ ပုံစာ,

နှစ်စဉ် သြဂုတ်လတိုင်း ကျင်းပတဲ့ လန်ဒန်မြို့အနောက်ပိုင်းက ကာနီဗယ်ပွဲတော်ဟာ ဥရောပမှာ အစည်ကားဆုံးပွဲတော်လို့ ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

ပွဲတော်ကာလ ၃ရက်အတွင်းမှာ လူပေါင်း သန်းချီ လာရောက်ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ပုံစာ,

အခုနှစ်ဟာ ၄၉ ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး လန်ဒန်မြို့ အနောက်ပိုင်းက လမ်းတွေပေါ်မှာ ကာရစ်ဘီယံ အငွေ့အသက်တွေ ၃ရက်တာ ဖုံးလွှမ်းထားခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

အဆန်းတကျယ် အဆင်အယင်တွေနဲ့ အခုလို ပါဝင် ဖျော်ဖြေကြပါတယ်။

ဓာတ်ပုံ ပုံစာ,

ဆမ်ဘာ စည်းချက်ကို တီးခတ်နေကြတဲ့ ဘင်ခရာအဖွဲ့။

ဓာတ်ပုံ ပုံစာ,

ပါဝင် ဖျော်ဖြေကြသူ ရာပေါင်းများစွာဟာ အခုလို ဆင်ယင်ခြယ်သထားကြပါတယ်။

ဓာတ်ပုံ ပုံစာ,

ခမ်းနား ဆန်းကျယ်တဲ့ အဆင်အယင်တွေနဲ့ အလှယာဉ်တွေလည်း ပါပါတယ်။

ဓာတ်ပုံ ပုံစာ,

အဝတ်အစားနဲ့ အဆင်တန်ဆာတွေကို စေတနာအလျောက် လုပ်အားပေးတဲ့ အဖွဲ့တွေက ချုပ်လုပ်ပေးထားကြပါတယ်။

ဓာတ်ပုံ ပုံစာ,

ပါဝင်တင်ဆက်သူတွေရဲ့ အကနဲ့ ဖျော်ဖြေမှု

ဓာတ်ပုံ ပုံစာ,

ပထမဆုံး ကာနီဗယ်ကို ၁၉၆၄ ခုနှစ်မှာ ကျင်းပခဲ့တာ ဖြစ်ပေမယ့် ကမ္ဘာအရပ်ရပ်က ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားထားနိုင်ဆဲ ဖြစ်ပါတယ်။