ဆီးရီးယား ဓာတုလက်နက် တိုက်ခိုက်မှု

ဆီးရီးယားနိုင်ငံ ဒမာ့စကပ်စ် ဆင်ခြေဖုံးမှာ အစိုးရက ဓာတုလက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အတိုက်အခံတွေက ဆို

damascus chemical attacks
ဓာတ်ပုံ ပုံစာ,

ဒမာ့စကပ်စ် ဆင်ခြေဖုံးမှာ အစိုးရဘက်က တိုက်ခိုက်မှုကြောင့် လူ ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ အတိုက်အခံတွေက ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

အဓိက အတိုက်အခံ အင်းအားစုက ပြောကြားရာမှာတော့ လူ ထောင်နဲ့ချီပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

မျက်မြင်သက်သေတွေရဲ့ အဆိုအရ အစိုးရက တိုက်ခိုက်ရာမှာ အဆိပ်ဓာတ်ငွေ့တွေ အသုံးပြုခဲ့တယ်လို့ ပြောပေမယ့် အစိုးရဘက်ကတော့ ငြင်းဆိုထားပါတယ်။

ဓာတ်ပုံ ပုံစာ,

ဆီးရီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ ဓာတုလက်နက် စစ်ဆေးရေးအဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

ဓာတ်ပုံ ပုံစာ,

အင်တာနက်ပေါ် တက်လာတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေထဲမှာတော့ ကလေးငယ်တွေနဲ့ အရပ်သားတွေ ဓာတုလက်နက်ကြောင့် အဆိပ်သင့်ကြပုံတွေကို တွေ့ကြရပါတယ်။

ဓာတ်ပုံ ပုံစာ,

ယူကေနိုင်ငံ အပါအဝင် အနောက်နိုင်ငံတွေက အရပ်သားတွေကို ကာကွယ်ရေးအတွက် လုံခြုံရေးကောင်စီရဲ့ အဆုံးအဖြတ်ကို ရယူဖို့ ရှိပါတယ်။

ဓာတ်ပုံ ပုံစာ,

ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးကတော့ ဓာတုလက်နက် အသုံးပြုကြောင်း စွပ်စွဲမှုဟာ မဟုတ်မမှန်ကြောင်း ငြင်းဆိုထားပါတယ်။

ဓာတ်ပုံ ပုံစာ,

ဆီးရီးယားနဲ့ ဓာတုလက်နက် ကိစ္စဟာ နှစ်ပေါင်းများစွာ တည်ရှိနေတဲ့ ပြဿနာ ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

ဆီးရီးယားမှာ ဓာတုလက်နက် ပိုင်ဆိုင်တယ်ဆိုတာကို သံသယရှိစရာ မလိုပေမယ့် ဘယ်ပုံဘယ်နည်း ရရှိခဲ့တယ်ဆိုတာကို အတည်မပြုနိုင်သေးပါဘူး။

ဓာတ်ပုံ ပုံစာ,

ဆီးရီးယားဟာ ဓာတုနဲ့ ဇီ၀လက်နက် ထိန်းချုပ်ရေးစာချုပ်တွေကို လက်မှတ်ထိုးထားခြင်း မရှိပါဘူး။

ဓာတ်ပုံ ပုံစာ,

ဆီးရီးယား အစိုးရဟာ နိုင်ငံတွင်းမှာ ဓာတုလက်နက်တွေ ရှိကြောင်းကို ဝန်ခံထားပြီး သူ့ပြည်သူတွေကိုတော့ အသုံးပြု တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ပြောပေမယ့် မယုံကြည်ကြပါဘူး။

ဓာတ်ပုံ ပုံစာ,

ကုလသမဂ္ဂ ဓာတုလက်နက် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ရလာဒ်ကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။