ဇာတ်ရှိန်မြင့်လာတဲ့ ဆီးရီးယား ပဋိပက္ခ

ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ အနောက်နိုင်ငံတွေက တွန်းအားပေးနေ

syria conflicts
ဓာတ်ပုံ ပုံစာ,

စစ်ရေးအရ အရေးယူဖို့ အမေရိကန် သမ္မတ အိုဘားမားက မဆုံးဖြတ်ရသေးပေမယ့် ဆီးရီးယားဟာ ဓာတုလက်နက်ကို အမှန်တကယ် အသုံးပြုခဲ့တယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

ယူကေနိုင်ငံကတော့ ဆီးရီးယားကို ဝင်တိုက်ဖို့ ပါလီမန်မှာ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ သဘောတူညီမှု မရခဲ့ဘဲ ထပ်မံ မဲခွဲဖို့ ရှိနေပါတယ်။

ဓာတ်ပုံ ပုံစာ,

ဆီးရီးယားကို စစ်ရေးအရ အရေးယူမယ့်အပေါ် ပြည်သူတွေရဲ့ ဆန္ဒကလည်း အကွဲအလွဲ ရှိပါတယ်။

ဓာတ်ပုံ ပုံစာ,

ဆီးရီးယားမှာ စစ်ဆေးနေတဲ့ UN က ဓာတုလက်နက်စစ်ဆေးရေးအဖွဲ့ဟာ သောကြာနေ့မှာ စစ်ဆေးမှု ပြီးစီးမှာဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

တစ်ချိန်တည်းမှာ ဆီးရီးယားက ပြေးလာတဲ့ ဒုက္ခသည်တွေကတော့ လက်ဘနွန်နဲ့ အိမ်နီးချင်းနိုင်ငံတွေထဲကို ဝင်လာမစဲ ရှိနေပါတယ်။

ဓာတ်ပုံ ပုံစာ,

ဆီးရီးယား သမ္မတ အာဆတ်က မည်သည့်ကျူးကျော်မှုကိုမဆို ခုခံကာကွယ်သွားမယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ ပုံစာ,

အစ္စရေးက ပြည်သူတွေကလည်း ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေ အသင့်ပြင်ထားကြပါတယ်။ အနောက်နိုင်ငံတွေက ဆီးရီးယားကို ဝင်တိုက်တဲ့အခါ ဆီးရီးယားက အစ္စရေးကို လှမ်းတိုက်နိုင်တာကြောင့် ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

အစ္စရေးဟာ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို တိုးချဲ့လိုက်ပြီး အရန်စစ်သည်တွေကိုလည်း ခေါ်ယူဖြည့်တင်းထားပါတယ်။

ဓာတ်ပုံ ပုံစာ,

ဆီးရီးယားဟာ ၂နှစ်လောက်ကြာခဲ့တဲ့ ပြည်တွင်းစစ်ဒဏ်ကြောင့် ဆုံးရှုံးပျက်စီးမှုတွေ နိုင်ငံအနှံ့ ရှိနေပါတယ်။

ဓာတ်ပုံ ပုံစာ,

ယူကေနိုင်ငံက သူ့ရဲ့ RAF Typhoon တိုက်လေယာဉ် ၆ စီးကို Cyprus ကျွန်းမှာရှိတဲ့ ယူကေ လေတပ်စခန်းကို ကာကွယ်ဖို့ ပို့ထားလိုက်ပါတယ်။

ဓာတ်ပုံ ပုံစာ,

ပြည်တွင်း ပြည်ပက ဆီးရီးယား ပြည်သူတွေကြားမှာတော့ စိုးရိမ်ပူပန်မှုတွေဟာ အလျင်အမြန် ကြီးထွားလာလျက်ရှိနေပါတယ်။