သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

Freedom Fighter ကနေ Women Rights Fighter အဖြစ်သို့

Image caption အမျိုးသမီးတွေ တန်းတူခွင့်ရရေး ပြောနေတဲ့ မလှလှဝင်း

100 women ဆိုတဲ့ ဘီဘီစီရဲ့ ကမ္ဘာတလွှားက အမျိုးသမီးတရာနဲ့ ဆွေးနွေးပွဲမှာ တချိန်က လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ Grand Slam ဆယ့်ရှစ်ကြိမ်လောက် ဆွတ်ခူးခဲ့တဲ့ တင်းနစ်မယ် မာတီနာ နာဗရာ တီလိုဗာ က သူ့ရဲ့ အောင်မြင်မှု သော့ချက်တွေ ဖြစ်တဲ့ Breaking Boundaries, Be Yourself, Believe in Yourself ဆိုတဲ့ ဘီသုံးလုံးကို ရှင်းပြသွားခဲ့ပါတယ်။

သူ့လိုဘဲ အမျိုးသမီးတွေကို ကန့်သတ်ထားချက်တွေကို ဖြတ်ကျော်ပြီး အမျိုးသားတွေနဲ့ တန်းတူ အောင်မြင်စွာ ရပ်တည်နိုင်ဖို့ ကြိုးစားနေတဲ့ မြန်မာ အမျိုးသမီး သတင်းထောက် တယောက်က အမျိုးသား သတင်းထောက်တွေနဲ့ ရင်ဘောင်တန်း အလုပ်လုပ်ကိုင်ရင်း ကြုံတွေ့ရတဲ့ အမေ့ခံ ပုံရိပ်ကို တင်ဆက်ပေးထားပါတယ်။