လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

မြန်မာနိုင်ငံမှာ ဓာတုပစ္စည်းတွေကြောင့် အပါအဝင် အန္တရာယ်ရှိတဲ့ အစားအစာ ထုတ်လုပ် ရောင်းချမှု တွေကြောင့် ကျန်းမာရေး ထိခိုက်တယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေပါတယ်။

သောတရှင်တို့အနေနဲ့ရော ကျန်းမာရေးနဲ့ညီညွတ်အောင် ထုတ်လုပ်မထားတဲ့ အစားအစာ တွေကြောင့် ဘေးအန္တရာယ် ကြုံဖူးပါသလား။ ဒီလို အစားအစားအန္တရာယ်ကို ဘယ်လို ကာကွယ်နိုင်မယ်လို့ ထင်ပါလဲ။

သောတရှင်တို့ရဲ့ အမြင်အတွေးတွေကို နိုဝင်ဘာလ ၂၃ ရက်မှာ လုပ်မယ့် ဘီဘီစီရဲ့ လွတ်လပ်အတွေး ဆွေးနွေး ဖလှယ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဖုန်းနံပါတ်၀၀၄၄၂၀၃၆၁၄၄၀၆၄ကို ဖြစ်စေ၊ burmese@bbc.co.uk အီးမေးလ်ကို ဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာ အကျဉ်းချုပ်ကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

BBC Burmese Facebookမှာလည်း ကိုယ့်ရဲ့အမြင်တွေကို ရေးသားနိုင်ကြပါတယ်။