မိုဘီဂျီနို နဲ့ လင်းလင်း

Linn Linn

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတပတ်အစီအစဉ်မှာတော့ ...

မြန်မာနိုင်ငံက ရော့ခ်အဆိုတော် လင်းလင်းရဲ့ ပြင်ဦးလွင်က တကိုယ်တော် Solo Show မှာ သူနဲ့ မေးမြန်းထား တာတွေကို တင်ဆက်ပေးထားပါတယ်။

လင်းလင်းရဲ့ ပထမဆုံး တကိုယ်တော်ပွဲကို ရန်ကုန်မှာ မကြာခင်ကပဲ ပြုလုပ်ခဲ့ပြီး တန်ဆောင်မုန်းလပြည့်နေ့တုန်းက လုပ်တဲ့ ပြင်ဦးလွင်ပွဲကတော့ သူ့ရဲ့ ဒုတိယမြောက် တကိုယ်တော်ပွဲလည်း ဖြစ်ပါတယ်။

အဆိုတော် လင်းလင်းဟာ သီချင်းဆိုရုံမက တေးရေးတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ တတိယမြောက် အယ်လ်ဘမ်အဖြစ် သံမဏိလိပ်ပြာ ကိုလည်း ၂၀၁၃ နှစ်လယ်ပိုင်းက ထွက်ရှိထားပါတယ်။

နောက်ပြီး လင်းလင်းဟာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တချို့မှာ ဒေါ်စုဘေးမှာ လုံခြုံရေးအဖြစ် လိုက်ပါ ကူညီနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

အစီအစဉ်ကို နားဆင်ရန်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဘီ ဂျီနို

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက် ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင် လို့ပဲ ဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။ အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်ကဆိုရင်တော့ စာတိုက်သေတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသား ပေးပို့ နိုင်ကြပါတယ်။

ဒီအစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီ ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို စနေနေ့ မနက်တိုင်း ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ