သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တချိန်က မာရသွန်ချန်ပီယံ မဝိပ္ပံ

Image caption အပတ်စဉ် အင်္ဂါနေ့တိုင်း ထုတ်လွှင့်ပေးနေပါတယ်

ငယ်စဉ် ကလေးဘ၀ တုန်းက သူနေထိုင်ရာ ရွာကနေ မိုင်နဲ့ချီ ဝေးတဲ့ တခြားရွာကို ကျောင်းတက်ရင် ကျောင်းလွယ်အိတ်ကို သူငယ်ချင်း စက်ဘီးပေါ် တင်ပေးလိုက်ပြီး နောက်က အပြေးလိုက်ကာ လေ့ကျင့်ခဲ့တဲ့ စစ်ကိုင်းတိုင်း မြောင်ရွာက မဝိပ္ပံဟာ နိုင်ငံအတွက် ရွှေ ၊ ငွေ ၊ ကြေးတံဆိပ် အလီလီကို နိုင်ငံတကာ ပွဲတွေမှာ ဆွတ်ခူးပေးခဲ့သူပါ။

ကျေးတောသူလေး ဘ၀ကနေ နိုင်ငံတကာ အလယ်မှာ မြန်မာရယ်လို့ လူသိလာအောင် ဆုတွေ ဆွတ်ခူးပေးတဲ့ မာရသွန် ချန်ပီယံ မြန်မာ လက်ရွေးစင်ဟောင်း တယောက်ရဲ့ အခုလို အောင်မြင်မှုတွေ ရလာအောင် ရင်းနှီး ဖြတ်သန်းခဲ့ရတဲ့ သူ့ဘဝ အမေ့ခံ ပုံရိပ်တွေကို တင်ဆက်ပေးထားပါတယ်။