သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စက္ကူတဝက်ပန်းတဝက် အသံလွှင့်ဇာတ် အပိုင်း၃ ဇာတ်သိမ်း

Image caption ဘီဘီစီ ဝိုင်းတော်သားတွေရဲ့ ကြိုးစား အားထုတ်မှု

ဘီဘီစီမြန်မာပိုင်းရဲ့ ခရစ္စမတ် အထူး အစီအစဉ် အဖြစ် မြန်မာနိုင်ငံတွင်းမှာ သွားရောက် အသံသွင်းယူထားတဲ့ စက္ကူတဝက် ပန်းတဝက် ဆိုတဲ့ ရေဒီယို အသံလွှင့်ဇာတ် လမ်း အပိုင်း ၂ ကို နားဆင်ရမှာ ဖြစ်ပါတယ်။

ကျောင်းသားတော်လှန်ရေး သမား လူငယ် သုံးဦး.. ၁၉၈၈ အရေးအခင်းအပြီး မှော်ဘီဘက်က ရွာလေးတရွာမှာ လာရှောင်နေခဲ့ကြရာက မထင်မှတ်တဲ့ အဖြစ်အပျက်တွေ ဆက်ဖြစ်လာခဲ့ပါတယ်....။

ပန်း၀တ်မှုန် ဆိုတဲ့ အန်ဂျီအို ဝန်ထမ်း အမျိုးသမီးလေး ဒီလူငယ် သုံးဦးနဲ့ ဘယ်လိုများ ပတ်သက်ဆက်နွယ်လာပါသလဲ ၊ ဒုတိယပိုင်းမှာ သူ့အကြောင်းကို တစွန်းတစ သိလာရတဲ့ အခါ ... ဘာတွေများ ဆက်ဖြစ်လာမှာလဲ။

စက္ကူတဝက် ပန်းတ၀က် ဇာတ်လမ်းကို ကိုသိန်းမြတ်ရေးသားပြီး ကိုမင်းထက်နဲ့ ကိုသိန်းမြတ်တို့ စီစဉ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။