Thai Elections
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အခက်အခဲတွေကြားက ထိုင်းရွေးကောက်ပွဲ

ကျင်းပပြီးစီးခဲ့ပြီဖြစ်တဲ့ ထိုင်းရွေးကောက်ပွဲအတွင်းမှာ နှောင့်ယှက်မှုတွေ ကြုံခဲ့ရတဲ့ နေရာတွေမှာ မဲပြန်ပေးနိုင်ဖို့သတင်းပတ် တော်တော်ကြာကြာစောင့်ရမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မဲရုံအများစုမှာ မဲပေးနိုင်ခဲ့ကြပေမယ့် ဒေသတချို့မှာတော့ အတိုက်အခံတွေက မဲရုံတွေကို ပိတ်ဆို့ထားခဲ့ကြလို့ လူသန်းနဲ့ချီပြီး မဲမပေးနိုင်ခဲ့ကြပါဘူး။ အတိုက်အခံ ပါတီကြီး ဖြစ်တဲ့ ဒီမိုကရက်ပါတီကလည်းရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ဒီရလဒ်ကို တရားရုံးတွေကနေ အသိအမှတ်မပြုဖို့ အတွက် မျှော်လင့်နေပါတယ်။

ဒါပေမယ့် လက်ရှိအစိုးရကို ကြိုက်တဲ့ သူတွေလည်း အများအပြား ရှိနေပါတယ်။