_us_army_sergeant_bowe_bergdahl
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တာလီဘန် ၅ ယောက်နဲ့ အမေရိကန်စစ်သား လဲလှယ်

ဂွမ်တာနာမိုဘေးက တာလီဘန်စစ်သွေးကြွ ၅ ယောက်နဲ့ အမေရိကန် စစ်သားတယောက်ကိုလဲလှယ်ခဲ့တာနဲ့ပတ်သက်လို့ အာဖဂန် အစိုးရက ကန့်ကွက် လိုက်ပါတယ်။

အဲဒီ အကျဉ်းသားတွေကို ကာတာနိုင်ငံ လက်ကို လွှဲပေး ခဲ့တာပါ။ အာဖဂန် နစ္စတန် ကတော့ ဒီလို ကြားတိုင်းပြည်ကို လွှဲပေးတာဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ မညီဘူးလို့ပြောပါတယ်။

အမေရိကန်စစ်တပ်က တပ်ကြပ်ကြီး Bowe Bergdhal လည်း ၅ နှစ်လောက် အဖမ်းခံခဲ့ရ အပြီးမှာ ပြန်လွတ်လာပါတယ်။ အကြောင်းစုံကို ကိုမိုးမြင့်က တင်ဆက်ပေးမှာပါ။