syria
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယား သမ္မတရွေးကောက်ပွဲ ကျင်းပ

ဆီးရီးယား ပြည်တွင်းစစ် ဖြစ်ခဲ့တာ ၃ နှစ်ကျော်လာခဲ့ပေမယ့် အစိုးရကတော့ အာဏာကို ဆက်လက် ဆုတ်ကိုင်ထားနိုင်ဖို့ ကြိုးစားဆဲပါ။ အခုလည်း သမ္မတရွေးကောက်ပွဲကို ကျင်းပနေပြီ ဖြစ်ပြီး လက်ရှိ သမ္မတ ဘာရှာ အဲလ် အာဆတ်ဒ်ပဲ တတိယ ၇ နှစ် သက်တမ်း ဆက်နိုင်မယ့် သဘောပါ။

ဒီရွေးကောက်ပွဲကို မသမာဘူးလို့ အတိုက်အခံ အဖွဲ့တွေ ဘက်ကလည်း စွပ်စွဲထားပါတယ်။ အခုတင်ဆက်မယ့် သတင်းထဲမှာ ဓာတ်ပုံမီးပွင့်တဲ့ ရိုက်ချက်တွေ ပါတဲ့ အကြောင်း ကြိုတင် အသိပေး လိုက်ပါတယ်။ ကိုမိုးမြင့်က ဆက်လက် တင်ဆက်ပေးပါလိမ့်မယ်။