gaza
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အစ္စရေး စစ်ရာဇဝတ်မှု ကျူးလွန်နိုင်လို့ ကုလအရာရှိပြော

ဂါဇာတိုက်ပွဲ သတင်းမှာတော့ အစ္စရေးဘက်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်ကောင်း ကျူးလွန်ခဲ့လိမ့်မယ်လို့ ကုလသမဂ္ဂရဲ့ လူအခွင့်အရေးဆိုင်ရာ အကြီးအကဲက ဆိုပါတယ်။ အစ္စရေးဘက်က အရပ်သားတွေ မထိခိုက်ဖို့ အတွက် ဆောင်ရွက်ခဲ့တယ် ဆိုတာနဲ့ပတ်သက်လို့ သံသယ ရှိတဲ့ ပုံမျိုးသူက ပြောခဲ့တာပါ။

တဘက်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကလည်း အပစ်ရပ်ရေးအတွက် အစ္စရေးကို ရောက်နေပါတယ်။ ဟာမတ်စ်နဲ့ ပါလက်စတိုင်းသမ္မတ ဘက်ကတော့အပစ်ရပ်ဖို့အတွက် ဂါဇာကမ်းမြှောင်ကို စီးပွားရေး ပိတ်ဆို့ထားတာကိုရပ်ပစ်ဖို့ တောင်းဆိုထားပါတယ်။

အကြောင်းစုံကိုတော့ ကိုကျော်စွာ က ပြောပြ ပေးမှာပါ။