cn_prayuth
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ထိုင်းစစ်ခေါင်းဆောင် ဝန်ကြီးချုပ် ဖြစ်လာ

အာဏာသိမ်း ထိုင်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာကို ဝန်ကြီးချုပ်အဖြစ် ယှဉ်ပြိုင်ရွေးချယ်သူ မရှိ၊ ကန့်ကွက်သူလဲ မရှိဘဲ လွှတ်တော်က အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ တော်ဝင်မိသားစုက အသိအမှတ် ပြုတာနဲ့ ဒီအမည်စာရင်း တင်သွင်းမှုက အတည်ဖြစ်မှာပါ။ လက်ရှိ ထိုင်းဘုရင် ဘူမိဘော နတ်ရွာစံတဲ့အခါ မင်းဆက် အပြောင်းအလဲကို ခေျာချောမွေ့မွေ့ လုပ်နိုင်ဖို့ တော်ဝင်မိသားစုက စစ်တပ်ကို လိုအပ်လို့ ချန်အိုချာကို ကန့်ကွက်မှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ခန့်မှန်းကြပါတယ်။ ကိုကျော်စွာ တင်ဆက်ပေးမှာပါ။