MH17
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

MH17 စစ်ဆေးချက် နယ်သာလန် ထုတ်ပြန်

ယူကရိန်းအရှေ့ပိုင်းမှာ ပျက်ကျခဲ့တဲ့ MH17 လေယာဉ်နဲ့ပတ်သက်လို့ ပထမဆုံး အစီရင်ခံစာကို ဒတ်ချ် ကျွမ်းကျင်သူတွေ က ထုတ်ပြန်လိုက်ပါပြီ။ ကနဦးတွေ့ရှိချက်တွေအရ အရှိန်ပြင်းပြင်းနဲ့လာတဲ့အရာဝတ္ထုတွေက လေယာဉ်ကို ထိမှန်ခဲ့တာဖြစ်ပြီး စက်ချို့ယွင်းမှုကြောင့် ပျက်ကျတဲ့အနေအထား မဟုတ်ဘူးလို့ဆိုပါတယ်။ ခရီးသည်ပေါင်း ၂၉၈ ဦး သေဆုံးခဲ့ရတဲ့ ဒီအဖြစ်အပျက်ဟာ ဘယ်သူ့ကြောင့်ရယ်လို့တော့ အစီရင်ခံစာထဲမှာ ဖော်မပြထားပါဘူး။ အကြောင်းစုံကိုတော့ ကိုမိုးမြင့်က ပြောပြမှာဖြစ်ပါတယ်။