peru_prison_bank
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘဏ်ဓားပြတွေ လက်ရှောင်ကြတဲ့ ပီရူးကဘဏ်

ပီရူးနိုင်ငံ လီမာမြို့တော်က ဆန် ပီဒရို အကျဉ်းထောင်မှာတော့ ထူးထူးခြားခြား ငွေစုဘဏ်တခု ဖွင့်ထားပါတယ်။ အကျဉ်းသားတွေကို အချိန်ပိုင်း အလုပ်တွေ ဖန်တီးပေးထားပြီ သူတို့ရဲ့ လုပ်အားခတွေကို စုဆောင်းပေးထားဖို့ပါ။ ဘဏ်ဝန်ထမ်းတွေကလဲ အကျဉ်းသားတွေ ဖြစ်ပါတယ်။ အောင်မြင်နေတဲ့ ဒီဘဏ်ရဲ့ ဆောင်ပုဒ်ကတော့ “ခင်ဗျားတို့ငွေတွေက စိတ်ချရပါတယ်။ ဒီမှာ ဘဏ်ဓါးပြတိုက်မယ့်သူ မရှိပါဘူး” တဲ့ခင်ဗျာ။ ကိုကျော်စွာက ဆက်ပြီး ပြောပြမှာပါ။