Syria Oil
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အိုင်အက်စ် ရေနံစက်ရုံတွေ တိုက်ခိုက်ခံရ

အမေရိကန်၊ ဆော်ဒီနဲ့ ယူအေအီး နိုင်ငံတွေက စစ်လေယာဉ်တွေဟာ အစ္စလမ်မစ်နိုင်ငံအဖွဲ့ IS ကို ဘဏ္ဍာရေးအရ ထောက်ပံ့နေတဲ့ ရေနံချက် စက်ရုံတွေကို အဓိက ပစ်မှတ်ထားပြီး လေကြောင်းက တိုက်ခိုက်နေပါတယ်။ ဆီးရီးယား အရှေ့ပိုင်းက မာရာဒင်၊ ဟာဆာကာ နဲ့ အဘူးကာမဲမှာ ရှိကြတဲ့ ရေနံချက် စက်ရုံ ၁၂ ထိမှန်ခဲ့ပါတယ်။ နောက်ဆုံး တိုက်ခိုက်မှုမှာ ဆီးရီးယား အရပ်သား ၅ဦးနဲ့ လက်နက်ကိုင် ၁၄ ဦး သေဆုံးခဲ့တယ်လို့ ဆီးရီးယား အတိုက်အခံ သူပုန်တွေဘက်က ဆိုပါတယ်။ ကိုမိုးမြင့်က ပြောပါလိမ့်မယ်။