ebola vaccine
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အီဘိုလာ ဆေးသစ်တမျိုး ထွက်တော့မယ်

အီဘိုလာ ကူးစက်မှုတွေ ကို ထိန်းထားနိုင်ဖို့ ခရီးသွား လာမှုတွေမှာ ဘယ်လို ကန့်သတ်မှုတွေ ထပ်လုပ်မလဲ ဆိုတာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့အရေးပေါ်ကော်မတီအစည်းအဝေးမှာ ဆွေးနွေးနေပါတယ်။

လက်တလောမှာ အီဘိုလာ ပျောက်ကင်းသူတွေရဲ့ သွေးက ထုတ်ထားတဲ့ ဆီရမ်ကို သုံးပြီး ကုမယ့် ကုထုံးသစ်ကို ဆောင်ရွက်နေပြီလို့လည်း ပြောပါတယ်။ လိုင်ဘေးရီးယားမှာ အဲဒီလို ကုသနိုင်ဖို့ ပြင်ဆင်နေကြပါပြီ။

အဲဒီလို ဆေးတွေဖော်စပ်နေကြတဲ့အချိန်မှာပဲ လိုင်ဘေးရီးယားက အလက်ဇန္ဒားကိုလီမှာတော့ အီဘိုလာကြောင့် တမိသားစုလုံးနီးနီး ဆုံးရှုံးခဲ့ရပါတယ်။ သူကိုယ်တိုင်ပြောပြထားတဲ့ သူ့အကြောင်းကို ကိုမင်းထက်က ပြန်ပြောပြမှာပါ။