us_midterm_election
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန်မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ

အမေရိကန် ပြည်ထောင်စု မှာတော့ အစိုးရ သက်တမ်းဝက် ရွေးကောက်ပွဲကျင်းပနေပါတယ်။

သမ္မတအိုဘားမားအပေါ် သဘောထားဆန္ဒ ခံယူပွဲလို့တောင် တချို့က ပြောပါတယ်။

အခု ရွေးကောက်ပွဲမှာ အတိုက်အခံ ရစ်ပတ်ပလစ်ကန်တွေဘက်က ပြည်နယ်နည်းနည်းပါးပါးလောက် ထပ်ပြီးနိုင်ရင် ဆီးနိတ်လွှတ်တော်ကိုပါထိန်းချုပ်လာနိုင်တော့မှာဖြစ်ပါတယ်။

အဲဒီလိုဆိုရင် သမ္မတအိုဘားမားအတွက်လည်းနောက်ကျန်နေတဲ့ ၂ နှစ်သက်တမ်းအတွင်း ဥပဒေပြဌာန်းရေးတွေမှာ အတားအဆီးတွေပိုပြီးကြုံလာရနိုင်ပါတယ်။

အဓိက ပြိုင်ရမယ့် ပြည်နယ်တစ်ခုဖြစ်တဲ့ ဝက်စ် ဗာဂျီးနီးယားက အခြေအနေကိုတော့ ကိုကျော်စွာပြောပြမှာပါ။