ကျွန်မရဲ့ အိမ်သာ

နိုဝင်ဘာ ၁၉ မှာ ကျရောက်တဲ့ World Toilet Day ကမ္ဘာ့ အိမ်သာနေ့ အတွက် Panos Pictures ဓာတ်ပုံဆရာ အဖွဲ့က ခင်းကျင်း ပြသတဲ့ ဓာတ်ပုံတွေက

ကမ္ဘာပေါ်မှာ လူ သန်း ၂ ထောင့် ၅ ရာဟာ သင့်လျော်တဲ့ မိလ္လာ စနစ်ကို မသုံးနိုင်ကြဘူးလို့ ကုလ သမဂ္ဂက ဆိုပါတယ်။ နိုဝင်ဘာ ၁၉ ရက် မှာ ကျရောက်မယ့် World Toilet Day ကမ္ဘာ့ အိမ်သာနေ့ အထိမ်းအမှတ် အဖြစ် ကမ္ဘာအနှံ့က အမျိုးသမီးတွေနဲ့ သူတို့ရဲ့ အိမ်သာတွေ အကြောင်း ဓာတ်ပုံ ပြပွဲကို Panos Pictures အဖွဲ့က ဓာတ်ပုံ ဆရာတွေက ခင်းကျင်း ပြသမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ,

ကမ္ဘာပေါ်မှာ လူ သန်း ၂ ထောင့် ၅ ရာဟာ သင့်လျော်တဲ့ မိလ္လာ စနစ်ကို မသုံးနိုင်ကြဘူးလို့ ကုလ သမဂ္ဂက ဆိုပါတယ်။ နိုဝင်ဘာ ၁၉ ရက် မှာ ကျရောက်မယ့် World Toilet Day ကမ္ဘာ့ အိမ်သာနေ့ အထိမ်းအမှတ် အဖြစ် ကမ္ဘာအနှံ့က အမျိုးသမီးတွေနဲ့ သူတို့ရဲ့ အိမ်သာတွေ အကြောင်း ဓာတ်ပုံ ပြပွဲကို Panos Pictures အဖွဲ့က ဓာတ်ပုံ ဆရာတွေက ခင်းကျင်း ပြသမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

သြစတြေးလျ နိုင်ငံသူ Renee ဆိုတဲ့ အမျိုးသမီးဟာ လူဦးရေ ထူထပ်တဲ့ ဆစ်ဒနီ မြို့တော်ကို စွန့်ခွာ လာခဲ့ပြီး ဆိတ်ငြိမ်တဲ့ တောအရပ်မှာ နေထိုင်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ ဆစ်ဒနီမြို့ မြောက်ဘက် တစ်နာရီလောက် ကားမောင်းရတဲ့ အရပ်က ၁၀ ဧက ကျယ်တဲ့ မြေကွက်ပေါ်မှာ အိမ်ဆောက် နေထိုင်ခဲ့ပြီး သူ့ရဲ့ အိမ်သာကိုတော့ အိမ်ပြင်မှာ အကာအရံ မရှိ ထားရှိပါတယ်။ အနီးအနားမှာ အိမ်နီးချင်းတွေ မရှိလို့ သူ့ကို ချောင်းကြည့်မယ့်သူ မရှိဘူးလို့ သူက ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

ဘင်္ဂလားဒေ့ရှ် နိုင်ငံ Rupnagar မြို့က ဆင်းရဲသား ရပ်ကွက်မှာ နေထိုင်တဲ့ ၆၅ နှစ် အရွယ် Sukurbanu ကတော့ ရေပြင် အထက်မှာ ဆောက်ထားတဲ့ အိမ်သာကို သူမ ကလေးဘဝ ကတည်းက သုံးခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ အဲဒီ အိမ်သာကနေ လောလောလတ်လတ် ပြုတ်ကျ ခဲ့ပါသေးတယ်။ မကြာမကြာ ဖျားနာ တာတွေလည်း ရှိတဲ့အတွက် ဒါဟာ ဒီအိမ်သာတွေကို သုံးလို့ ဖြစ်ရတာလို့ သူ ယူဆကြောင်းလည်း ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

ဘရာဇီး နိုင်ငံ၊ ရီယို ဒီဂျနေးရိုး မြို့က အဆင့်မြင့် တိုက်ခန်း တစ်ခုမှာ နေတဲ့ ၃၃ နှစ် အရွယ် Isabela နဲ့ သူ့ရဲ့ အိမ်သာ။ ပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေ ဘာသာရပ်နဲ့ MBA ရထားသူပါ။ သူ့ရဲ့ အိမ်သာက သက်သောင့် သက်သာ ရှိပေမယ့် နောက်ကွယ်က ထောက်ပံ့ ပေးနေရတဲ့ ရေတွေ၊ ရေဆိုးမြောင်းထုတ် စနစ်တွေ၊ ရေကန်နဲ့ ပင်လယ်တွေက ရေထု ညစ်ညမ်းမှုတွေ အကြောင်းကိုလည်း သိပါတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ရေကောင်းကောင်း ချိုးရတာကို နှစ်သက်ပေမယ့် အဲဒီ ရေသန့်တွေ အလဟဿ ဆုံးရှုံးနေရတယ်လို့ ခံစားရကြောင်းလည်း ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

အီကွေဒေါ နိုင်ငံ၊ Quito မြို့တော် အနီးက မှာ နေထိုင်တဲ့ ၆၉ နှစ် အရွယ် Fabiola ကတော့ သူမ ငယ်စဉ်က ကွန်ဒိုမီနီယံ တစ်ခုမှာ နေထိုင် ခဲ့ဖူးပြီး အဲဒီတုန်းက အိမ်သာကို တခြား လူ ၂၀ လောက်နဲ့ မျှဝေ အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။ အခု နေထိုင်တဲ့ တိုက်ခန်းမှာတော့ အိမ်သာ ၅ လုံး ပါဝင်ပြီး သူ့အိမ်သာက အကြီးဆုံးပဲလို့ ဂုဏ်ယူ ပြောဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

အီသီယိုပီးယား နိုင်ငံ မြို့တော် Addis Ababa က စားသောက်ဆိုင် တစ်ဆိုင်ရဲ့ မန်နေဂျာ Meseret ဟာ သူ့အမေ၊ သူ့ညီမ နှစ်ယောက်၊ သူ့ ကလေး နှစ်ယောက် တို့နဲ့ အတူ အစိုးရက ပေးထားတဲ့ အခန်းတစ်ခန်းသာ ပါတဲ့ အိမ်မှာ နေထိုင်ပါတယ်။ သူ့ယောက်ျားဟာ လွန်ခဲ့တဲ့ ၉ နှစ်က ၂၀၀၅ ရွေးကောက်ပွဲလွန် ကာလ မတည်ငြိမ်မှုတွေမှာ ပစ်ခတ်ခံရလို့ ဆုံးပါးခဲ့တာ ဖြစ်ပါတယ်။ အစိုးရက ပေးထားတဲ့ အိမ်က အများသုံး အိမ်သာဟာ အတန်ငယ် လှမ်းတာကြောင့် လုံခြုံ စိတ်ချရဖို့အတွက် သူ့ မိသားစုဝင်တွေ အားလုံး အိမ်ဘေးမှာပဲ အပေါ့အလေး သွားကြတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

ဂါနာ နိုင်ငံက ၄၇ နှစ်အရွယ် Ima ဟာ Kumasi မြို့မှာ အိမ်သာ စောင့်တဲ့ အလုပ်ကို လုပ်သူပါ။ သူ့မှာ ၁၄ နှစ်ကနေ ၂၂ နှစ် ကြား ကလေး ၄ ယောက် ရှိပါတယ်။ သူ့အိမ်မှာတော့ အိမ်သာ မရှိပါဘူး။ နေ့ခင်းဘက်မှာဆို သူ အစောင့်လုပ်တဲ့ အိမ်သာကို သုံးပြီး ညဘက်မှာတော့ ပလတ်စတစ် အိတ်ကို သုံးတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

ဟေတီ နိုင်ငံက ၂၇ နှစ် အရွယ် Martine ကလည်း သူ့ အိမ်ဘေးက မြေကြီးကို တူးထားတဲ့ ကျင်းဟာ သူ့ရဲ့ အိမ်သာပဲလို့ ပြောပါတယ်။ ဒါပေမယ့် လူသူ မမြင်ရတဲ့ ညပိုင်း အချိန်မှာသာ အဲဒီ မြေကျင်းကို သုံးပြီး နေ့ပိုင်း ဆိုရင်တော့ အိမ်နဲ့ ၁၅ မိနစ်လောက် ဝေးတဲ့ အများသုံး အိမ်သာကို သွားရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

အိန္ဒိယက ၃၅ နှစ်အရွယ် Sangita ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က ဒေလီ မြို့ကို ပြောင်းလာခဲ့သူပါ။ အဲဒီ မတိုင်ခင်ကတော့ ကျေးရွာ တစ်ရွာမှာ နေခဲ့ဖူးပြီး လယ်ကွင်းတွေ ထဲမှာ ဆောက်ထားတဲ့ အများသုံး အိမ်သာတွေကို တက်ခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီ အဖြစ်ကို ရှက်တာကြောင့် ဒေလီမြို့မှာ ကိုယ်ပိုင် အိမ်သာ တစ်လုံးတော့ အနည်းဆုံး ပိုင်ရမယ်လို့ သူ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နေတဲ့ ၆၁ နှစ် အရွယ် Eiko တစ်ယောက် သူ့အိမ် အနီးမှာ ရှိတဲ့ စျေးရုံကြီးရဲ့ အများသုံး အိမ်သာကို သုံးနေစဉ်။ သူ ကလေးဘဝ တုန်းကတော့ အများသုံး အိမ်သာတွေဟာ နံစော် ညစ်ပတ် နေခဲ့ပေမယ့် အဲဒီ အချိန်ကတည်းက ဒီ အိမ်သာတွေကို သုံးရတာ သက်သောင့် သက်သာ ရှိခဲ့တယ်လို့ ပြောပါတယ်။ အခုတော့ အဲဒီ အများသုံး အိမ်သာမှာ တစ်ပတ်လည် အသံစနစ်တွေ၊ အပူပေးထားတဲ့ ခုံတွေ ထားရှိလာတဲ့ အပြင် အိမ်သာတွေနဲ့ ကပ်ရပ်မှာလည်း တီဗီကြည့်တာ၊ ခြေထောက် အနှိပ်ခံတာတွေ လုပ်နိုင်ပါသေးတယ်။

ဓာတ်ပုံ ပုံစာ,

ကင်ညာနိုင်ငံက Eunice ဟာ Naivasha မြို့မှာ စာသင်ကျောင်း တစ်ကျောင်းကို ပူးတွဲ တည်ထောင် ဖွင့်လှစ် ထားသူ ဖြစ်ပါတယ်။ သူ့ကျောင်းမှာ အစက ကျောင်းသား ၂၅၀ ရှိခဲ့ပြီး အိမ်သာ ၂ လုံး ထားရှိပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ အိမ်သာ ၂ လုံးကို အနီးအနားက တခြား လူတွေပါ လာတက်ကြလို့ ညစ်ပတ် နံစော်ပြီး ကလေးတွေအတွက် အဆင်မပြေ ဖြစ်ကာ အိမ်သာ အသုံးပြုဖို့ ကလေးတွေက ငြင်းဆန် ခဲ့ကြပါတယ်။ အခုတော့ ကလေးတွေ အကြိုက်တွေ့မယ့် ကလေးတွေ အတွက် သီးသန့် အိမ်သာကို သူတို့ လင်မယားက တီထွင် ပေးလိုက်ပါတယ်။ လူကြီးတွေ ဝင်ရင် ကိုယ်နဲ့ မဆံ့အောင် ဆောက်ထားတာပါ။ ဒီအိမ်သာတွေကြောင့် ကျောင်းသား မိဘတွေလည်း သဘောကျလိမ့်မယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

မိုဇမ်ဘစ် နိုင်ငံက ၁၉ နှစ်အရွယ် အထက်တန်း ကျောင်းသူ Flora ဟာ Maputo မြို့တော်မှာ သူ့ မိခင်၊ ညီမနဲ့ တူ တစ်ယောက် တို့နဲ့ အတူ နေပါတယ်။ သူတို့ မိသားစုဟာ အိမ်သာ တစ်လုံးကို တခြား အိမ်နီးချင်း မိသားစုတွေနဲ့ မျှဝေ အသုံးပြုကြရပါတယ်။ တစ်ခါတလေ တချို့ အမျိုးသားတွေက ချောင်းကြည့်ကြလို့ အိမ်သာ သုံးရတာကို ရွံ့မုန်းတယ်လို့ သူမက ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

ရိုမေးနီးယား နိုင်ငံမှာ လူဦးရေ ထက်ဝက်လောက်ဟာ ရေဆိုးထုတ် စနစ် မရှိတဲ့ တောအရပ်တွေမှာ နေထိုင်ကြပါတယ်။ ၄၉ နှစ်အရွယ် Pana ရဲ့ အိမ်မှာ သူ့တူတွေ လာလည်ရင် သုံးတဲ့ အိမ်သာ တစ်လုံး ရှိပြီး သူကိုယ်တိုင် ကတော့ အပြင်ဘက်မှာပဲ သွားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

တောင်အာဖရိက နိုင်ငံက Nombini ရဲ့ အိမ်မှာ သယ်သွားလို့ ရတဲ့ porta-potty အိမ်သာ ၂ လုံး ရှိပြီး အဲဒါကို သူ့အိမ်မှာ ရှိတဲ့ လူ ၁၂ ယောက်က သုံးကြပါတယ်။ ဒါပေမယ့် ၂၀၀၅ ကနေ ၂၀၀၉ အထိကတော့ လမ်းမကြီး တစ်ခုရဲ့ ဘေးက ခြုံပုတ်တွေ ထဲမှာပဲ အပေါ့အလေး သွားခဲ့တယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

အမေရိကန် ပြည်ထောင်စု၊ နယူးယောက် မြို့က Mary ကတော့ အခန်းဖော် ၂ ယောက်နဲ့ အတူ နေပြီး ရေချိုးခန်း အိမ်သာကို တစ်လှည့်စီ သန့်ရှင်းရေး လုပ်ကြတယ်လို့ ပြောပါတယ်။ သူမ အရင်က ဘေဂျင်းမြို့မှာ နေခဲ့ဖူးပြီး အဲဒီတုန်းက သူနေတဲ့ တိုက်ခန်းမှာ အိမ်သာ မပါလို့ အများသုံး အိမ်သာကို သုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

ဇမ်ဘီယာ နိုင်ငံက ပိုလီယို ရောဂါရှင် Susan ဟာ ရုပ်ပိုင်း စိတ်ပိုင်း ချို့ယွင်းတဲ့ ကလေးတွေ အတွက် ကျောင်း ထူထောင်ထားသူ ဖြစ်ပါတယ်။ မသန်စွမ်းတဲ့ ကလေးတွေကို သင်ကြားရတာကို ဂုဏ်ယူကြောင်း သူက ပြောပါတယ်။ သူကိုယ်တိုင်လည်း ၂ နှစ် သမီးကတည်းက ပိုလီယို ဖြစ်ခဲ့လို့ သွားလာ လှုပ်ရှားဖို့ ခက်ခဲခဲ့ပြီး အထူးသဖြင့် မိုးရာသီ အချိန်တွေမှာ အိမ်သာ တက်ဖို့ အလွန် ခက်ခဲရတယ်လို့ ပြောပါတယ်။