iran
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အင်အားကြီး ၆ နိုင်ငံနဲ့အီရန်တို့ရဲ့ အစည်းအဝေး သဘောတူညီချက် မရဘဲပြီးဆုံး

ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ ဗီယင်နာ မြို့မှာ အီရန်ရဲ့နျူကလီးယားအစီအစဉ်တွေနဲ့ပတ်သက်လို့ ရနိုင်ဖို့ဆွေးနွေးခဲ့ကြရာမှာ သဘောတူညီချက်မရဘဲ ပြီးဆုံးခဲ့ပါတယ်။

ဒါပေမယ့် ဆေးနွေးပွဲကို နောက်နှစ်ထဲမှာဆက်ပြီး ကျင်းပသွားမယ်လို့ ဆိုပါတယ်။ ဒီဆွေးနွေးပွဲတွေကြောင့် အရှေ့အလယ်ပိုင်းမှာ စစ်ပွဲတခု ဖြစ်မယ့် အရိပ်အယောင်တွေနည်းပါးလာစေခဲ့ပါတယ်။

တဘက်မှာလည်း ဒီဆွေးနွေးမှုတွေကို အမေရိကန်ရောအီရန်မှာပါ ရှိကြတဲ့ သဘောထားတင်းမာသူတွေလို မထောက်ခံသူတွေကလည်း ရှိနေပြန်ပါတယ်။

အီရန်အကျပ်အတည်း ဘယ်လို ဖြစ်လာသလဲဆိုတာ ကိုမိုးမြင့်က ပြောပြမှာပါ။