somali_alshabab
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အယ်လ်ရှာဘတ်တွေ ကင်ညာမှာ လူသစ်တွေစု

ကင်ညာပါလီမန်က လုံခြုံရေး ဥပဒေသစ်တခု ပြဌာန်း အတည်ပြုလိုက်ပါပြီ။ အခုဆိုရင် အာဏာပိုင်တွေက တရားရုံးအမိန့်မပါဘဲ လူတယောက်ကို တနှစ်အထိ ချုပ်နှောင်ခွင့် ရရှိသွားပါပြီ။ ဒီလပိုင်းမှာ ဆိုမာလီ စစ်သွေးကြွ အယ်လ်ရှာဘတ်က ကင်ညာမှာ လူသစ်စုတာတွေကို တားဆီးဖို့ ရည်ရွယ်ပါတယ်။ ကင်ညာနိုင်ငံသား လူငယ်တယောက်ကို ဘီဘီစီက တွေ့ဆုံခွင့် ရခဲ့တဲ့ အကြောင်းကိုတော့ကိုကျော်စွာက ပြန်ပြောပြထားပါတယ်။