Paris attack
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နိင်ငံတကာ သတင်းသုံးသပ်ချက်

ဓာတ်ပုံ မူပိုင် Reuters
Image caption သေနတ်သမားတွေက တမန်တော်အတွက် လက်စားချေတာလို့ ပြောပြီး ပစ်

ပြင်သစ်မြို့တော် ပဲရစ်က Charlie Hebdo သရော်စာ မဂ္ဂဇင်းကို တိုက်ခိုက်မှုမှာ သေနတ်သမားတွေက တမန်တော်မိုဟာမက်အတွက် လက်စားချေတာလို့ ပြောခဲ့ပါတယ်။

မဂ္ဂဇင်းက တမန်တော်မိုဟာမက် ကာတွန်းတွေကို ဖော်ပြခဲ့တာကို ရည်ညွှန်းတာပါ။

အခု ကိစ္စက လွတ်လပ်စွာထုတ်ဖော် ရေးသားခွင့်ကို တိုက်ခိုက်တာဆိုပြီး ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။ လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့်နဲ့ ဘာသာရေးအရ ယုံကြည်ကိုးကွယ်မှုကို ထိပါးမခံခြင်းတို့ အကြားမှာ အဖြေတစ်ခု ရှိနိုင်ပါသလား။

နိုင်ငံတကာ သတင်း သုံးသပ်ချက် အစီအစဉ်ကို ကိုမင်းထက်က တင်ဆက်ထားပါတယ်။