eu
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အကြမ်းဖက်တိုက်ဖျက်ရေး ဥရောပဝန်ကြီးတွေ ဆွေးနွေး

ဥရောပတိုက်မှာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ဥရောပ နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေ ဘလ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဆွေးနွေးနေကြပါတယ်။

ဆီးရီးယားနဲ့အီရတ်တို့မှာ သွားပြီးတိုက်ခိုက်ရာက ပြန်လာကြသူ ဥရောပ နိုင်ငံတွေက လူတွေရဲ့အန္တရာယ်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာပါ။

အဲဒီလို ဆီးရီးယား မှာသွားပြီး တိုက်ခိုက်နေတဲ့ သားဖြစ်သူဆီကို လိုက်သွားပြီး အိမ်အရောက်ပြန်ခေါ်လာသူ မိခင်ဖြစ်သူနဲ့ ဘီဘီစီတို့တွေ့ဆုံခွင့် ရခဲ့ပါတယ်။ မမေစန္ဒီက ပြောပြမှာပါ။