ကျောက်ဖြူမြို့နယ် ရေနံပိုက်လိုင်း စဖွင့်တော့မယ်

Image caption ရခိုင်နဲ့ တရုတ် ဆက်သွယ်ထားတဲ့ ရေနံပိုက်လိုင်း တလျှောက်မှာ ၂၀၁၆မှာ တင်ပို့နိုင်မည်။

မဒေးကျွန်းကနေ ပိုက်လိုင်းကတဆင့် တရုတ်ကို ရေနံပိုက်လိုင်းနဲ့ ရေနက်ဆိပ်ကမ်း ဖွင့်ပွဲ လာမယ့် သောကြာနေ့မှာ ဖွင့်ပွဲပြုလုပ်မှာဖြစ်ပါတယ်။ ပင်လယ်ကူးသင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်မယ့် ရေနက်ဆိပ်ကမ်းက အသုံးပြုဖို့ အဆင်သင့်ဖြစ်ပြီး၊ ပိုက်လိုင်းကလည်း ရေနံတင်ပို့ဖို့ အဆင်သင့်ဖြစ် နေပြီဖြစ်တဲ့အတွက် အခုလိုဖွင့်လှစ်တာဖြစ်ပါတယ်။

ဒါပေမယ့် ရေနံပိုက်လိုင်း တလျှောက် ရေနံအပြည့် ဖြည့်ရဦးမှာဖြစ်တဲ့အတွက် လာမယ့်နှစ်မှာ တရုတ်နိုင်ငံကို ရေနံတင်ပို့တဲ့ လုပ်ငန်းစနိုင်မယ်လို့ စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနဲ့သဘာဝဓါတ်ငွေ့ ဌာနက ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောပါတယ်။

ရေနံပိုက်လိုင်းကို ကုမ္ပဏီက ၅၀ ရာခိုင်နှုန်းကျော် နဲ့ မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနက ရာခိုင်နှုန်း ၄၀ ကျော် ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်။

ပိုက်လိုင်းအပါအဝင် ရေနက်ဆိပ်ကမ်း တည်ဆောက်တဲ့နေရာတွေက နစ်နာသူတွေကို လျှော်ကြေးတွေ ပေးခဲ့တယ်လို့ ဦးသန်းထွန်းကပြောပါတယ်။

အိမ်ခြေ ၇၀ဝ ကျော်ရှိတဲ့ မဒေးကျွန်းသားတွေက နစ်နာမှုတွေရှိနေတဲ့အတွက် ဖွင့်ပွဲနေ့မှာ ဆန္ဒပြမယ်လို့ ပြောကြားထားပေမယ့် ဗုဒ္ဓဟူးနေ့က တာဝန်ရှိသူတွေက ခေါ်ယူဆွေးနွေးခဲ့လို့ ပြေလည်မှုရသွားပါတယ်။