ukraine
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အပစ်ရပ်ပြီးနောက် ဒဗာဆဲလ်ဗာမြို့ အခြေအနေ

ယူကရိန်းအရှေ့ပိုင်းမှာ အပစ်ရပ်ရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ရုရှား၊ ယူကရိန်း၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတို့က ရှုံ့ချလိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်က မင့်စ်ခ်မှာ အပစ်ရပ်ဖို့ သဘောတူညီမှုရခဲ့ပြီးနောက် အကောင်အထည်ဖော်ဖို့ ခေါင်းဆောင်လေးဦးဟာ တယ်လီဖုန်းက တဆင့်ဆွေးနွေးခဲ့ကြတာပါ။ ယူကရိန်းသမ္မတက ကုလသမ္မဂငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်တွေချထားပေးဖို့ တောင်းဆိုတဲ့အပေါ်မှာ ရုရှားရဲ့ ကုလသမဂ္ဂသံအမတ်က အဲဒိလိုလုပ်ရင် အခြေအနေပိုပြီး ဆိုးရွားစေနိုင်တယ်လို့ ပြောပါတယ်။ ကိုဇေယျာ ပြောပြထားပါတယ်။