petrobras_
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘရာဇီးက ပက်ထရိုဘရာ့စ် အဂတိလိုက်စားမှု စစ်ဆေးမယ်

ဘရာဇီးနိုင်ငံမှာ နိုင်ငံပိုင် ရေနံလုပ်ငန်း ပထရိုဘရာ့စ်နဲ့ ပတ်သက်နေတဲ့ အဂတိလိုက်စားမှု တွေနဲ့ကို စစ်ဆေးဖို့ ပြင်နေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေးသမားတွေအပါအဝင် လူ ၅၄ ဦးကို စစ်ဆေးသွားဖို့ တရားရုံးချုပ်ကို ခွင့်ပြုချက်တောင်းခံထားလိုက်ပြီဖြစ်ပါတယ်။

ဆောက်လုပ်ရေး ကုမ္ပဏီတွေက လာဘ်ပေးမှုတွေ လုပ်ခဲ့တာမှာ တချို့ငွေတွေဟာ အာဏာရ အလုပ်သမား ပါတီကိုလဲ ရောက်ခဲ့တယ်လို့ စွပ်စွဲသံတွေလည်း ထွက်လာနေပြီး သမ္မတ ဒေးလ်မာ ရူးဆက်ဖ်ကတော့ ငြင်းဆိုထားပါတယ်။ အကြောင်းစုံကို မမေစန္ဒီက ပြောပြမှာပါ။