chad
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘိုကိုဟာရမ်ကို တိုက်စစ်ဆင်နေတဲ့ ချတ်ဒ်တပ်ဖွဲ့တွေ ဘယ်လို လေ့ကျင့်

နိုင်ဂျီးရီးယား နိုင်ငံမှာတော့ ဘိုကိုဟာရမ် စစ်သွေးကြွတွေ သိမ်းထား တဲ့ ဒါမတ်စ်ဆပ်ခ် မြို့ ကို ဒေသတွင်းတပ်တွေက ပြန်သိမ်းလိုက်နိုင်ပြီလို့ အဲဒီက လာတဲ့ သတင်းတွေမှာ ဆိုပါတယ်။

ဘိုကိုဟာရမ်က အစ္စလာမ်မစ် နိုင်ငံအဖွဲ့နဲ့ လက်တွဲဖို့ ပြောလိုက်အပြီး နိုင်ဂျီးရီးယားရဲ့ အိမ်နီးချင်း ချတ်ဒ်နဲ့ ကင်မရွန်းတို့ကပါ သူတို့ တပ်ဖွဲ့တွေကို နိုင်ဂျီးရီးယားကို စေလွှတ်ပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အဲဒီ ဒေသတွင်း တပ်တွေထဲက ချတ်ဒ်တပ်ဖွဲ့တွေ လေ့ကျင့်ရာကို ဘီဘီစီက လေ့လာခွင့် ရခဲ့ပါတယ်။

ကိုသက်ထွေးနိုင်က ပြောပြမှာပါ။