_china_pakistan_
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တရုတ်နဲ့ ပါကစ္စတန် အဝေးပြေးလမ်း ဖောက်ဖို့ပြင်

တရုတ်သမ္မတ ရှီကျင်ပင်းဟာ ပါကစ္စတန်နိုင်ငံကို ရောက်ရှိလာပါတယ်။

ဒီခရီးစဉ်အတွင်းမှာ သူဟာ နှစ်နိုင်ငံအကြား လုံခြုံရေး နဲ့ ပူးပေါင်း ဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုစတာတွေနဲ့ပတ်သက်လို့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

အဲဒီရင်းနှီးမြှုပ်နှံမှုတွေထဲမှာ ဒေါ်လာသန်း ထောင်ချီသုံးပြီးစီးပွားရေး ဇုန်ကြီးတခု တည်ဆောက်ဖို့လည်းပါပါတယ်။

တရုတ်ပြည်က ကက်ရှ်ဂါ မြို့ကနေပြီး ပါကစ္စတန်ရဲ့ ဂွာဒါဆိပ်ကမ်းမြို့ဆီကို ဆက်သွယ်ထားမှာပါ။ အကြောင်းစုံကိုတော့ ကိုသက်ထွေးနိုင်က ပြောပြမှာပါ။