yemen
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ယီမင်က အေဒင်မြို့ အခြေအနေ

ယီမင်နိုင်ငံမှာတော့ ပြည်တွင်းစစ်ကြောင့် လူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ အစိုးရတပ်တွေနဲ့ ဟူသီသူပုန်တွေကြား တိုက်ပွဲတွေအပြင်၊ ဆော်ဒီ ဦးဆောင်တဲ့ လေကြောင်း စစ်ဆင်ရေးတွေကြောင့် သေဆုံးသူ အရေအတွက် ပိုများခဲ့ရပါတယ်။ ဘီဘီစီ သတင်းထောက် Orla Guerin အေဒင်မြို့ကနေ သတင်းပို့ထားတာကို မစန္ဒာက ပြန်ပြောပြမှာပါ။