သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

မြန်မာနိုင်ငံမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ လူနာရှင်တွေကြားမှာ အပြန်အလှန် ဆွေးနွေးတိုင်ပင်ရှင်းလင်းပြတဲ့ အစဉ်အလာ၊ ယဉ်ကျေးမှုမျိုး ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် ရှိပါသလဲ။ လူနာနဲ့ လူနာရှင်တွေ အနေနဲ့ ရောဂါအကြောင်းကို ပြည့်ပြည့်စုံစုံ ဆွေးနွေးခွင့်မရတဲ့ အတွက် စိတ်မသက်မသာ ဖြစ်ရတာမျိုး ရှိကြပါသလား။ ကျန်းမာရေးအတွက် ဆေးကုသရာမှာ ဆရာဝန်၊ သူနာပြုတွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေဟာ လူနာရှင်တွေနဲ့ အပြန်အလှန် ဆွေးနွေးရှင်းပြဖို့ ဘယ်လောက် အရေးပါ လိုအပ်ပါသလဲ။ လူနာနဲ့ ဆရာဝန်ကြား ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ အကြား ဆက်ဆံရေးကို တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာတွေ ရှိပါသလား။