nepal
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နီပေါလ် မြေငလျင်ကြောင့် ဘယ်လောက်ပျက်စီးခဲ့သလဲ ပိုသိလာရ

နီပေါလ်နိုင်ငံမှာ စနေနေ့က လှုပ်ခဲ့တဲ့မြေငလျင်ကြီးကြောင့် အပျက်အစီးပမာဏတွေများလွန်းလှတယ်လို့နီပေါလ်အစိုးရက ပြောပါတယ်။

ငလျင်ကြောင့် သေဆုံးခဲ့ရသူ ဦးရေဟာလည်း အခုဆိုရင် ၅၀၀၀ ကျော်လာပြီဖြစ်ပြီးဒီထက်၂ ဆလောက်ဖြစ်လာနိုင်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

သောက်သုံးရေ၊ စားနပ်ရိက္ခာနဲ့ လျှပ်စစ်ဓာတ်အားတွေလည်း လိုအပ်နေပါတယ်။ တဘက်မှာတော့ နိုင်ငံတကာက အကူအညီတွေ စတင်ရောက်ရှိလာနေကြပြီဖြစ်ပြီး ကုလသမဂ္ဂရဲ့အဆိုအရ ငလျင်ကြောင့် ထိခိုက်ရသူလူဦးရေ ၈ သန်းလောက်အထိရှိနိုင်ပြီးဒါဟာ နီပေါလ်လူဦးရေ စုစုပေါင်းရဲ့ လေးပုံတပုံမက ရှိနေပါတယ်။ အကြောင်းစုံကို မမေစန္ဒီပြောပြမှာပါ။