nepal
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နီပေါမှာ ငလျင်ကြောင့် တရွာလုံးပျောက်လု မတတ် ဖြစ်သွားခဲ့

နီပေါနိုင်ငံမှာငလျင်ကြောင့် ရွာတရွာထဲမှာတင် လူ ၃၀၀လောက် သေဆုံးခဲ့ရပါတယ်။ အဲဒီထဲက ထက်ဝက်လောက်ဟာ နိုင်ငံခြားသားတွေပါ။ အဲဒီ သေဆုံးသူတွေရဲ့အလောင်းတွေအကုန်ပြန်တူးဖော်နိုင်ဖို့အတွက် သတင်းပတ်ပေါင်းများစွာ ကြာလိမ့်မယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့၉ ရက်က ငလျင်လှုပ်ခဲ့စဉ်မှာ အဲဒီ လန်တန်း ရွာကလေးဟာမြေပြိုတောင်ပြိုမှုတွေကြောင့် ပြားပြား ဝပ်သွားခဲ့ရတာပါ။ အဲဒီကို ရောက်သွားခဲ့တဲ့ ဘီဘီစီ သတင်းထောက် ဂျပ်စတင် ရောလတ်ရဲ့ သတင်းပေးပို့ ချက်ကိုတော့ ကိုကျော်စွာက ပြောပြပါလိမ့်မယ်။