thailand
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ထိုင်းမှာ လူကုန်ကူးခံရသူလို့ ယူဆရသူတွေရဲ့ ရုပ်ကြွင်းတွေ ထပ်တွေ့

ထိုင်းနိုင်ငံမှာ လူကုန်ကူး ခံရသူတွေကို ထားရှိတဲ့စခန်းတခုအနားမှာနောက်ထပ် လူ နှစ်ဦးရဲ့ရုပ်ကြွင်းတွေကိုတွေ့ရှိခဲ့ရပါတယ်။

အဲဒီလူတွေဟာရောဂါကြောင့် ဒါမှမဟုတ် အစာငတ်မွတ်မှုတွေကြောင့်သေဆုံးခဲ့ရတာဖြစ်မယ်လို့ခန့်မှန်းကြပါတယ်။

ဒါဟာ ဖန်ငါး ပြည်နယ်ထဲမှာဖြစ်ပြီး ပြီးခဲ့တဲ့တပတ်က လူ ၂၆ ဦးရဲ့အလောင်းတွေကိုတွေ့ရှိခဲ့တဲ့နေရာနဲ့ ဆိုရင်တော့ကီလိုမီတာ ရာဂဏန်းကွာဝေးတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို မရီရီအောင်က ပြောပြပါလိမ့်မယ်။