nepal_quake_kathmandu
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နီပေါမှာ နောက်ထပ် ငလျင်ကြီးလှုပ်

နီပေါနိုင်ငံမှာ ငလျင်ကြီး နောက်တခု ထပ်လှုပ်သွားခဲ့ပြန်ပါတယ်။ လူ ၈၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ ပြီးခဲ့တဲ့လက လှုပ်ခဲ့တဲ့ ငလျင်ကြီးနဲ့ အင်အား မတိမ်းမယိမ်း ရှိတယ်လို့ဆိုပါတယ်။

ဒီတခါတော့ တောင်ထူထပ်တဲ့နေရာတွေဘက်မှာလှုပ်ခဲ့တာဖြစ်ပြီးဒေလီနဲ့ဒါကာ မြို့တွေအထိ ငလျင်လှိုင်းတွေ သွားခဲ့တယ်လို့ ဆိုပါတယ်။

လူပေါင်း ၄၂ ဦးထက်မနည်းသေဆုံးခဲ့ရပြီးဖြစ်သလို ကျောက်ဆိုင်တွေ ပြိုကျတာ မြေပြိုတာတွေကြောင့် ဝေးလံခေါင်သီတဲ့ဒေသတချို့မှာ အသေအပေျာက် ပိုများနိုင်မှာကို စိုးရိမ်နေကြပါတယ်။ အကြောင်းစုံကို မမေစန္ဒီက ပြောပြမှာပါ။