Burundi
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘူရွန်ဒီ အာဏာသိမ်းမှု မအောင်မြင်

ဘူရွန်ဒီနိုင်ငံမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းက အာဏာသိမ်းခဲ့တဲ့ စစ်တပ်ခေါင်းဆောင်တချို့ အဖမ်းလိုက်ရပါတယ်။ ဒါပေမယ့် အာဏာသိမ်းကြောင်းကြေညာခဲ့တဲ့ ဗိုလ်ချုပ် Godefroid Niyombare ကတော့ ထွက်ပြေးနေဆဲဖြစ်ပါတယ်။ သမ္မတ Pierre Nkunrunziza က တတိယသက်တမ်း ပြန်အရွေးခံမှာကို မကျေနပ်တဲ့သူတွေကလည်း ဆက်ပြီး ဆန္ဒပြနေကြပါတယ်။ အဲဒိက အခြေအနေကို ကိုကျော်စွာက ပြောပြထားပါတယ်။