iraq
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရာမာဒီမြို့ က အီရတ်အစိုးရတပ်တွေ ဆုတ်ခွာလာနေ

အီရတ်နိုင်ငံက ရာမာဒီမြို့ကို အစ္စလာမ်မစ်နိုင်ငံအဖွဲ့က လက်က ပြန်ရဖို့အတွက် အီရန် ထောက်ပံ့ ပေးထားတဲ့ ရှီယာလက်နက်ကိုင် တွေကို ထိုးစစ်ဆင်ခိုင်းလိုက်ပါပြီ။ အခုလို ရာမာဒီမြို့ကို ဆုံးရှုံးလိုက်တာဟာ အီရတ် အစိုးရကိုလည်း အထိနာသွားစေပါတယ်။ အခုဆိုရင် အိုင်အက်စ် တပ်တွေဟာ ဘဂ္ဂဒက်မြို့တော်နဲ့ ကီလိုမီတာ ၁၀၀လောက် အကွာကို ရောက်လာနေပြီ ဖြစ်ပါတယ်။ တချိန်ထဲမှာလည်း အီရန်ကာကွယ်ရေး ဝန်ကြီးကလည်းဘဂ္ဂဒက်ကိုရောက်လာပါတယ်။ အကြောင်းစုံကိုမမေစန္ဒီက ပြောပြမှာပါ။