သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေး ဆွေးနွေးဖလှယ် - အခမဲ့ ပညာရေး

Image caption NNER က ဒေါက်တာ သိန်းလွင် အပြင်၊ လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီက ဒေါက်တာ မြဦးတို့ ပင်တိုင် ဆွေးနွေးခဲ့

လွတ်လပ်အတွေး ဆွေးနွေး ဖလှယ် - နားဆင်နိုင်ပါပြီ။

အခု ၂၀၁၅ -၂၀၁၆ ပညာသင် နှစ်မှာ မူလတန်း ကနေ အထက်တန်း အထိ အခြေခံ ပညာရေး အတန်း အားလုံး အတွက် အခမဲ့ ပညာရေး ကို စတင် ကျင့်သုံး ပြီ ဖြစ်လို့၊ ကျောင်းသား မိဘတွေ အနေနဲ့ ကိုယ့်သား သမီး ပညာရေး စရိတ် အတွက် တကယ်ပဲ သက်သာရာ ရကြပြီလား။

ကျောင်းမနေနိုင်တဲ့ ကလေးတွေရော ကျောင်းခန်းထဲကို ပိုရောက်လာတော့ မှာလား။ ဒီအကြောင်း တွေကို သောတရှင် တို့ ကိုယ်တိုင် ပါဝင် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ အစိုးရ အနေနဲ့လည်း ဒီအခမဲ့ ပညာရေး အတွက် ကျပ်ငွေ ဘီလျံပေါင်း များစွာ သုံးစွဲဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ပင်တိုင် ဆွေးနွေး သူတွေ အဖြစ် လွှတ်တော် ပညာရေး မြင့်တင်မှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြဦးနဲ့ မြန်မာ နိုင်ငံ ပညာရေး စနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် NNER က ဒေါက်တာ သိန်းလွင် တို့ ပါဝင် ဆွေးနွေး ခဲ့ကြ ပါတယ်။

ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။